Sunday 17 March 2013

မိမိဘလော့ဆိုဒ်မှာ You might also like ခေါ် ဘောင်လေးတွေနဲ့  မိမိရေးထားတဲ့ တစ်ခြား ပို့ စ်တွေ ကို ပေါ်စေဖို့ 


မိမိဘလော့ဆိုဒ်မှာ You might also like ခေါ် ဘောင်လေးတွေနဲ့  မိမိရေးထားတဲ့ တစ်ခြား ပို့ စ်တွေ ကို မိမိဘလော့ပို့ စ်တွေ အောက်မှာ ပေါ်စေဖို့ အတွက် ပထမဦးဆုံး အောက်ကဝက်ဆိုဒ်လင့်လေးကို သွားလိုက်ပါ။

http://www.linkwithin.com/learn

ပြီးရင် အောက်ကလို ဖောင်ဖြည့်မည့် အကွက်လေးကို တွေ့ ရပါလိမ့်မည်။ Email နေရာမှာ မိမိအီးမေးလ်လိပ်စာကို ဖြည့်ပါ။ Blog link နေရာမှာ မိမိဘလော့စပေါ့ ဝက်ဆိုဒ်လင့်ကို ထည့်ပါ။
Platform နေရာမှာ မိမိသုံးနေတာ Blogspot ဆို Blogger ကိုရွေးပါ။Wordpress ဆို Wordpress ကိုရွေးပါ။ Width နေရာမှာ တွေ မိမိဘလော့ဆိုဒ် နဲ့  ကိုက်ပြီး 3 stories,4 stories,5 stories ကို ရွေးပါ။ My blog has....background ရှေ့က လေးထောင့်ကွက်မှာ မောက်စ်နှင့်ထောက်ပြီး အမှန်ခြစ်လေးခြစ်ပါ။
ပြီးရင် Get Widget ကို နှိပ်လိုက်ပါ။

အောက်ကပုံက Get Widget ကို နှိပ်လိုက်ရင် ပေါ်လာမည့်ပုံပါ။ပေါ်လာတဲ့ အထဲက Install Widget ကို နှိပ်လိုက်ပါ။ မှတ်ချက် မိမိဘလော့ဆိုဒ်ကို Sign in ဝင်ထားရပါမည်။

အောက်ကပုံက Install Widget ကိုနှိပ်လိုက်ရင်ပေါ်လာမည့်ပုံပါ။ ပေါ်လာမည့်ပုံထဲက Add Widget ကိုနှိပ်လိုက်ပါ။

Add Widget ကို နှိပ်လိုက်ရင် မိမိဘလော့ဆိုဒ်ရဲ့ Layout လို့ ခေါ်တဲ့ နေရာကို ရောက်သွားပါလိမ့်မည်။ LinkWithin ဆိုတဲ့ ကောင်လေးကို  Blog Posts အောက်မှာထားလိုက်ပါ။ပြီးရင် Save arrangement ကို နှိပ်လိုက်ပါ။ပြီးရင် View Blog ကို နှိပ်ပြီး မိမိဘလော့ဆိုဒ်ကိုကြည့်လိုက်ပါ။


You might also like: ဆိုပြီး တစ်ခြားပို့ စ်တွေပေါ်နေတာကို တွေ့ ရမှာပါ။


အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio