Tuesday 7 May 2013

အလွယ်ကူဆုံး အိမ်သုံးခြင်ဖမ်းကိရိယာ



မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့စိတ်ညစ်နေပါသလား...


 ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပါသလား...

 ခြင်အန္တရာယ်ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နေပါသလား... 

လျှပ်စစ်ခြင်ဖမ်းစက်တွေ အလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေပါသလား... 

ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့  တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင်ဖမ်းကိရိယာလေးကို ကိုယ်တိုင်လုပ်ကြည့်လိုက်ကြရအောင်...

လိုအပ်မယ့်ပစ္စည်းတွေကတော့
ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတယ်...

တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်ပါတယ်... 


တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်... 

ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ...

 အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်...

 သစ်သီးအစိတ်တွေ.. ဒါမှမဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲ ရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ...

 အဖုံးကိုတော့ ခပ်ချောင်ချောင်လေးဖုံးထားရင်ရပါပြီ... 

ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ... 

 ရက်နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်းဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. 

ဒါဆိုရင် သုံးလို့ရပါပြီ... အချဉ်ဖောက်လိုက်တဲ့သဘောပါပဲ...

ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်...


 ပထမဆုံး ရေသန့်ဘူးခွံကို အလယ်ကနေဖြတ်လိုက်ပါ... 

သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာလောက်ကိုအရင်ဖျော်ပါ... 

အအေးခံပါ... ၄၀ံC လောက် အေးသွားပြီဆိုရင် ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ...

 ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ... မွှေစရာမလိုပါဘူး... 

အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်... 

ပြီးရင် ရေသန့်ဘူးအပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ...

 ပုံမှာပြထားသလိုပါပဲ... သေချာအောင် တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ်...

 ရေသန့်ဘူးကို အနက်ရောင်တစ်ခုခုနဲ့ပတ်ထားလိုက်ပါ... 

အပေါ်ပိုင်းကိုတော့ အလွတ်ထားပါ... ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့်တစ်နေရာရာမှာချထားလိုက်ပါ...

နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူးထဲမှာ ခြင်တွေ  အများကြီး ရောက်နေပြီး သေနေတာကို တွေ့ရပါလိမ့်မယ်..


အထဲမှာရောစပ်ထားတာတွေကိုတော့ နှစ်ပတ်တစ်ကြိမ်  လဲပေးဖို့လိုပါမယ်....

 ခြင်များတဲ့ဒေသမှာရောက်နေလို့ပဲဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကိုစမ်းပြီး အသုံးပြုကြည့်လိုက်ပါ... တကယ်အသုံးဝင်ပါလိမ့်မယ်...


နှိုင်းရင့်နွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio