Friday 9 August 2013

Blogspot ဆိုဒ် တည်ဆောက်နည်း (၁)

ချက်ဘောက်ကမေးထားလို့  တစ်ခြားမသိတဲ့ သူငယ်ချင်းတွေလည်း လေ့လာလို့  ရအောင် ဘလော့ပို့ စ်အဖြစ် ရေးသားလိုက်တာပါ။ (သိပြီးတဲ့ သူငယ်ချင်းတွေ ကျော်ဖတ်သွားပေးပါ။)

ဘလော့ဆိုဒ်တစ်ခု စတင်တည်ဆောက်ဖို့  ဂျီမေးလ် အကောက် တစ်ခု လိုပါတယ်။ ဂျီမေးလ် အကောက် မရှိရင်တော့ ဒီလင့်  ကိုကလစ်ပြီး အကောက်သွားဖောက်ပါ။

ဂျီမေးလ် အကောက် တစ်ခု ရှိပြီ ဆိုလျှင် ဘရိုဇာတစ်ခုခု မှာ Blogger ဟု ရိုက်လိုက်ပါ ။ Blogger.Create your free Blog ဟူသော စာသားနှင့်လင့်ကို ကလစ်ပါ။

 ဒီကိုကလစ်ပြီးသွားလည်းရပါတယ်။


သင့် ဂျီမေးလ် အကောက်နှင့် Sign in ဝင်လိုက်ပါ။


Sign in ဝင်တဲ့ပုံ နမူနာ ပြထားတာပါ။

အောက်ကလိုပုံ ပေါ်လာပါလိမ့်မည်။ အောက်ခြေရှိ Continue to Blogger ကို ကလစ်၍ ဆက်သွားလိုက်ပါ။


အောက်ကလို ပုံ ပေါ်လာပါလိမ့်မယ် ။ New Blog ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။

 Title နေရာမှာ သင့်ဘလော့ရဲ့ နာမည်ရေးပါ။ ( ဥပမာ ။ ။ နမူနာ)

Address နေရာမှာ သင့်ဘလော့အတွက်လိပ်စာရေးပါ။ (ဥပမာ။ ။phyutharlaykyawzinexample ) 

Template တစ်ခုခု ကို ရွေးပြီး မောက်စ် နှင့် တစ်ချက် ကလစ်၍ အောက်ခြေရှိ Create blog! ကို ကလစ်ပါ။

အောက်ကပုံက နမူနာရေးပြထားတာပါ။

ဒါဆိုရင်တော့ ဘလော့ဆိုဒ်တစ်ခု တည်ဆောက်လို့  ပြီးပါပြီ။

ဘလော့မှာ စာတွေရေးဖို့ အတွက် ဆက်ပြီး ရှင်းပြပါ့မယ်။

Create Blog ! ကို နှိပ်ပြီး ဆက်သွားလိုက်ရင် အောက်က ပုံအတိုင်းပေါ်ပါလိမ့်မယ်။

ခဲတံပုံ (အောက်ခံအဝါဖျော့) လေး က စာရေးဖို့  အတွက်ပါ ။ ကလစ်လိုက်ပါ။


ခဲတံပုံလေးကို ကလစ်လိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။

အောက်က အခြေခံ အချက် ( ၄ ) ချက် သိရင် ဘလော့ပို့ စ် တစ်ခု ဖန်တီးလို့  ရပါတယ်။

အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နံပါတ် (၁) နေရာ က ပို့ စ်ခေါင်းစဉ် ရေးဖို့ ပါ။

ခရမ်းရောင်နဲ့  ဝိုင်းပြထားတဲ့ နံပါတ် ( ၂ ) နေရာ က မိမိတင်ချင်တဲ့ စာရေးဖို့ ပါ။

အပြာနုရောင်နဲ့  ဝိုင်းပြထားတဲ့ နံပါတ်(၃)နေရာ က မိမိတင်လိုက်တဲ့ ပို့ စ်အမျိုးအစားရေးဖို့ ပါ။
( ဥပမာ ။ ။ ကဗျာ၊နည်းပညာ၊ဆော့ဝဲလ်)

အနက်ရောင်နဲ့ ဝိုင်းပြထားတဲ့ နံပါတ်(၄)နေရာ က မိမိပို့ စ်ကို Upload တင်ဖို့ ပါ။


အောက်ကပုံက နမူနာရေးပြထားတဲ့ ပုံပါ။ သင့်စိတ်ကြိုက် ဘလော့ပို့ စ်တစ်ခုရေးပြီးရင် Publish ကို နှိပ်လိုက်ပါ။


အောက်ကပုံကတော့ Public ကို နှိပ်လိုက်ရင် တွေ့ ရမည့်ပုံပါ။ သင့်ဘလော့ ကို ကြည့်ချင်တယ်ဆိုရင်တော့ View blog ကိုနှိပ်လိုက်ပါ။



အဆင်ပြေကြပါစေ။

1 comment:

  1. အကိုရေကျေးဇူးပြု၍ဖုန်းနဲ့ဆက်သ်ွခွင့်ပြုပါ
    ၀၉၄၈၆၇၃၅၆၁

    ReplyDelete

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio