Sunday 24 February 2013

You Tube နှင့် တခြားဆိုဒ်တွေက ဗွီဒီယို တွေ ကို ဒေါင်းယူနိုင်တဲ့ အပြင် Social ဆိုဒ်တွေ ကိုပါ Share နိုင်တဲ့ Mozilla Firefox အတွက် Add on လေး

နောက်ထပ် add on လေးတစ်ခု နဲ့  မိတ်ဆက်ပေးပါ့မယ်။ You Tube နှင့် တခြားဆိုဒ်တွေက ဗွီဒီယို တွေ ကို  ဒေါင်းယူနိုင်တဲ့ အပြင် Social ဆိုဒ်တွေ ကိုပါ Share နိုင်တဲ့ Mozilla Firefox အတွက် Add on လေးပါ။ Add on လေးရဲ့ နာမည်က Video Download Helper ပါ။

ပထမဦးဆုံး ဒီလင့်  ကသွားပြီး Add on လေးကို Install လုပ်လိုက်ပါ။ Install လုပ်ပြီးလျှင် မော်ဇီလာ ကို Restart ချလိုက်ပါ။ မော်ဇီလာပြန်ပွင့်လာတာနဲ့  add on လေးကို အသုံးပြုနိုင်ပါပြီ။

Add on လေးကို Install လုပ်တာကတော့ သူငယ်ချင်းတွေ လုပ်တတ်မယ် ထင်သောကြောင့် ပုံနှင့်မပြတော့ပါဖူး။

ဗွီဒီယိုတွေကို ဒေါင်းယူဖို့  အတွက် Youtube ကို ဖွင့်လိုက်ပါ။ မိမိဒေါင်းလိုသည့် သီချင်းကို ရှာပါ။ ပြီးရင် အောက်ကပုံမှာ ဝိုင်းပြထားတဲ့ လည်နေတဲ့ ဝါ၊နီ၊ပြာ အလုံးလေးပေါ်မှာ Right Click ထောက် ပေါ်လာတဲ့ အထဲက Media ကို ဆက်ကလစ် ပြီးရင် ပေါ်လာသည့် အထဲမှ mp4,flv(360,240),3gp,flv အစရှိသည့် ဒေါင်းယူနိုင်သည့် ဖောမတ်တွေကို တွေ့ ရပါလိမ့်မည်။ မိမိနှစ်သက်ရာ ဖောမတ်ကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။

နောက်တစ်နည်းကတော့ လည်နေတဲ့ ဝါ၊နီ၊ပြာ အလုံးလေးဘေးရှိ အောက်စိုက်နေတဲ့ မြားခေါင်းလေးကို ကလစ်ပြီး ပေါ်လာသည့်အထဲမှ မိမိနှစ်သက်ရာ ဗွီဒီယို ဖောမတ်ပေါ် မောက်စ် နှင့် ထောက် Download ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။
အောက်ကပုံကတော့ ကျွန်တော် mp4 ဖောမတ် အဖြစ် Download ကို ကလစ်ပြီး ဒေါင်းယူနေတဲ့ ပုံပါ။

အောက်ကပုံကတော့ Download ယူပြီးတဲ့ ပုံပါ။
Download ယူပြီးတဲ့ ဗွီဒီယို ကို ဖွင့်ကြည့်နေတဲ့ပုံပါ။


Social ဆိုဒ်တွေကို Share မယ်ဆိုလျှင် လည်နေတဲ့ ဝါ၊နီ၊ပြာ အလုံးလေးဘေးရှိ အောက်စိုက်နေတဲ့ မြားခေါင်းလေးကို ကလစ်ပြီး ပေါ်လာသည့်အထဲမှ မိမိနှစ်သက်ရာ ဗွီဒီယို ဖောမတ်ပေါ် မောက်စ် နှင့် ထောက် ပေါ်လာသည့်အထဲမှ Social Share ကို ဆက်ကလစ်ပါ။
Social Share ကို ဆက်ကလစ်လိုက်ရင် အောက်ကလို Box ပေါ်လာပါလိမ့်မည်။ မိမိ Share လိုသည့် Social ဆိုဒ်တစ်ခုခုကို ရွေးပါ။ ကျွန်တော်ကတော့ Facebook ကို ပဲ ရွေးလိုက်ပါတယ်။ပြီးရင် အောက်ခြေမှာ ရှိတဲ့ OK ကို နှိပ်လိုက်ပါ။
OK ကို နှိပ်လိုက်ရင် နောက်ထပ် Tab တစ်ခုမှာ Facebook ပွင့်လာပါလိမ့်မည်။ Login မဝင်ရသေးလျှင် Login ဝင်လိုက်ပါ။ ကျွန်တော်ကတော့ Login ဝင်ထားတော့ တိုက်ရိုက် ပေါ်ပါတယ်။ Share Link ကို နှိပ်ပြီး မိမိဖေ့ဘွတ်စာမျက်နှာမှာ Share နိုင်ပါတယ်။

 အောက်ကပုံကတော့ http://music.all-channel.com က ဗွီဒီယိုကို Download ယူပြထားတာပါ။ တစ်ခြားဆိုဒ်တွေမှာလည်းရမှာပါ ကိုယ်တိုင်ပဲ စမ်းသပ်ကလိကြပါနော်။

အဆင်ပြေကြပါစေ။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio