Friday, 9 August 2013

Blogspot ဆိုဒ် တည်ဆောက်နည်း (၁)

ချက်ဘောက်ကမေးထားလို့  တစ်ခြားမသိတဲ့ သူငယ်ချင်းတွေလည်း လေ့လာလို့  ရအောင် ဘလော့ပို့ စ်အဖြစ် ရေးသားလိုက်တာပါ။ (သိပြီးတဲ့ သူငယ်ချင်းတွေ ကျော်ဖတ်သွားပေးပါ။)

ဘလော့ဆိုဒ်တစ်ခု စတင်တည်ဆောက်ဖို့  ဂျီမေးလ် အကောက် တစ်ခု လိုပါတယ်။ ဂျီမေးလ် အကောက် မရှိရင်တော့ ဒီလင့်  ကိုကလစ်ပြီး အကောက်သွားဖောက်ပါ။

ဂျီမေးလ် အကောက် တစ်ခု ရှိပြီ ဆိုလျှင် ဘရိုဇာတစ်ခုခု မှာ Blogger ဟု ရိုက်လိုက်ပါ ။ Blogger.Create your free Blog ဟူသော စာသားနှင့်လင့်ကို ကလစ်ပါ။

 ဒီကိုကလစ်ပြီးသွားလည်းရပါတယ်။


သင့် ဂျီမေးလ် အကောက်နှင့် Sign in ဝင်လိုက်ပါ။


Sign in ဝင်တဲ့ပုံ နမူနာ ပြထားတာပါ။

အောက်ကလိုပုံ ပေါ်လာပါလိမ့်မည်။ အောက်ခြေရှိ Continue to Blogger ကို ကလစ်၍ ဆက်သွားလိုက်ပါ။


အောက်ကလို ပုံ ပေါ်လာပါလိမ့်မယ် ။ New Blog ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။

 Title နေရာမှာ သင့်ဘလော့ရဲ့ နာမည်ရေးပါ။ ( ဥပမာ ။ ။ နမူနာ)

Address နေရာမှာ သင့်ဘလော့အတွက်လိပ်စာရေးပါ။ (ဥပမာ။ ။phyutharlaykyawzinexample ) 

Template တစ်ခုခု ကို ရွေးပြီး မောက်စ် နှင့် တစ်ချက် ကလစ်၍ အောက်ခြေရှိ Create blog! ကို ကလစ်ပါ။

အောက်ကပုံက နမူနာရေးပြထားတာပါ။

ဒါဆိုရင်တော့ ဘလော့ဆိုဒ်တစ်ခု တည်ဆောက်လို့  ပြီးပါပြီ။

ဘလော့မှာ စာတွေရေးဖို့ အတွက် ဆက်ပြီး ရှင်းပြပါ့မယ်။

Create Blog ! ကို နှိပ်ပြီး ဆက်သွားလိုက်ရင် အောက်က ပုံအတိုင်းပေါ်ပါလိမ့်မယ်။

ခဲတံပုံ (အောက်ခံအဝါဖျော့) လေး က စာရေးဖို့  အတွက်ပါ ။ ကလစ်လိုက်ပါ။


ခဲတံပုံလေးကို ကလစ်လိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။

အောက်က အခြေခံ အချက် ( ၄ ) ချက် သိရင် ဘလော့ပို့ စ် တစ်ခု ဖန်တီးလို့  ရပါတယ်။

အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နံပါတ် (၁) နေရာ က ပို့ စ်ခေါင်းစဉ် ရေးဖို့ ပါ။

ခရမ်းရောင်နဲ့  ဝိုင်းပြထားတဲ့ နံပါတ် ( ၂ ) နေရာ က မိမိတင်ချင်တဲ့ စာရေးဖို့ ပါ။

အပြာနုရောင်နဲ့  ဝိုင်းပြထားတဲ့ နံပါတ်(၃)နေရာ က မိမိတင်လိုက်တဲ့ ပို့ စ်အမျိုးအစားရေးဖို့ ပါ။
( ဥပမာ ။ ။ ကဗျာ၊နည်းပညာ၊ဆော့ဝဲလ်)

အနက်ရောင်နဲ့ ဝိုင်းပြထားတဲ့ နံပါတ်(၄)နေရာ က မိမိပို့ စ်ကို Upload တင်ဖို့ ပါ။


အောက်ကပုံက နမူနာရေးပြထားတဲ့ ပုံပါ။ သင့်စိတ်ကြိုက် ဘလော့ပို့ စ်တစ်ခုရေးပြီးရင် Publish ကို နှိပ်လိုက်ပါ။


အောက်ကပုံကတော့ Public ကို နှိပ်လိုက်ရင် တွေ့ ရမည့်ပုံပါ။ သင့်ဘလော့ ကို ကြည့်ချင်တယ်ဆိုရင်တော့ View blog ကိုနှိပ်လိုက်ပါ။



အဆင်ပြေကြပါစေ။

Sunday, 4 August 2013

Samsung Android ဖုန်း အတု နဲ့ အစစ် ခွဲခြားနည်း ( Real vs Fake Samsung Galaxy S4 )





Samsung Android ဖုန်း အတု (Fake)  နဲ့ အစစ် (Real) ခွဲခြားနည်း ကို အနီးစပ်ဆုံး ခွဲခြားနိုင်အောင် ရှာဖွေ စုဆောင်း တင်ပြပေးလိုက်ပါတယ်....

အောက်ကပုံတွေကတော့ Samsung S4 i9500 ရဲ့ အတု  နဲ့  အစစ် ခွဲခြားပြထားတဲ့ ပုံတွေပါ.... လေ့လာကြည်နိုင်ပါတယ်....
This is a picture comparison between a real S4 i337M and fake i9500


















Ref : http://forums.redflagdeals.com/
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Samsung ဖုန်း အတု / အစစ် ခွဲခြားနိုင်ဖို့ အတွက်  IT GARDEN မှာ ရေးထားတာလေးကို တဆက်ထဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။


ရုတ်တရက် ကြည့်ရင် Android လို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေ မှာတွေ့ရတတ်ပါတယ်။ Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Android အစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ် လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲ ဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ .... စက်ရုပ်ပုံလေးပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့် မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့် မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ် နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက် ပြီး 

အဆင်ပြေကြ မယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
...

Credit : IT GARDEN

Ref-www.winkabarkyaw.net

Wednesday, 31 July 2013

Shade Journal Vol 7 No 27

90:00 Minutes Sports Journal (Vol 5, No-79)

ဒီနေ့ (၁-၈-၂၀၁၃) မှာထွက်တဲ့ 90:00 Minutes Sports Journal (Vol 5, No-79) ဖြစ်ပါတယ်။




Download


Ref >>>
90:00 Minutes အယ်ဒီတာအဖွဲ့

Sunday, 28 July 2013

Windows 7 မှ Wifi ပြန်လွှင့်နည်း


ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။




ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။
ကိုကို တော်ဝင်မင်းသားလေး ဆိုက်မှ ကော်ပီလာပါတယ်ဗျာ.....။

MM Ringtones Collection ! (for andriod phone)

မြန်မာဆောဝဲလေးတခု တင်ပေးလိုက်ပါတယ်...။ ကျနော်တို့မြန်မာလူမျိုး ထွင်ထားတာ အရမ်းလည်း ဂုဏ် ယူစရာ ကောင်းပါတယ်....။ Ringtones လေးတွေ စုပြီး andriod ဆောဝဲလေးတခု ဖန်တီးထား တာပါ..။ ကို  Nyimin Latt ကို ကျေးဇူးတင်ပါတယ်....။ဆောဝဲလေးကို ဖန်တီးထားတာ အရမ်းကို တော်ပါတယ်..။
ပါဝင်တဲ့ Ringtones လေးတွေကတော့
►မြန်မာ့ဟာသ ringtones လေးတွေ
►လူကြိုက်များခဲ့တဲ့မြန်မာ့ရှေးဟောင်းသီချင်းအချို.
►လူသုံးအများဆုံး ringtone ၂ ပုဒ်ဖြစ်သော ( စာမျက်နှာ ၁၅ နဲ. တောင်းပန်တယ် )
►ကွယ်လွန်သူ ဆရာ ကေအေတီ ရဲ့ ကိုယ်တိုင်သီဆိုထားသောသီချင်းတစ်ပုဒ်
►ကျနော့်အရမ်းကြိုက်သော သီချင်း ၂ ပုဒ် ၃ ပုဒ်ခန်. (ဝိုင်းစု၊အိုင်းရင်းဇင်မာမြင့်၊ချမ်းချမ်း)
►Harvest Moon – Back To The Nature PS1 ဂိမ်းလေးထဲမှ ကျနော်အရမ်းကြိုက်တဲ့ Opening Theme Song 2 ( နံပါတ် ၂၇ ) ထိုသံစဉ်လေးကိုကျနော် နှိုးစက်သံလုပ်ထားပါတယ်။
►အားလုံး ၄၅ ပုဒ်ပါဝင်ပါတယ် ။
အားပေးကြမယ့်သူငယ်ချင်းများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ !!

အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီနော်...။

>>>>>Download Now<<<<<
အားလုံးအဆင်ပြေပါစေ.......။

Armor for Android™ Security Full Version (for andriod phone)





ဒီနေ့သူငယ်ချင်းများကို antivirvs တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်...။ Armor for Android™ Security က ကောင်းမကောင်းတော့ မပြောသေးဘူး သုံးကြည်လိုက်ပါ။ play store မှာတောင် ဒေါ်လာ US$29.95 တောင်ပေးရတာ ...။ကောင်းလားမကောင်းလားဆိုတာက ကိုတိုင်သုံးကြည့်ရင်သိမှာပါ...။လက်ရှိကျနော်လည်း သုံးနေပါတယ်..။အရမ်းကိုအဆင်ပြေတယ်ဗျ  play store မှာ ဒေါ်လာ US$29.95 ပေးရတဲ့ Armor for Android™ Security က အခု ကျနော့ဆိုက်မှာ free download လို့ရပါပြီ....။
စိတ်ဝင်စားရင် အောက်ကလင့်မှာ free ဒေါင်းယူသုံးစွဲနိုင်ပါပြီ.......။

 
play store links 

Armor for Android™ Security screenshot


 
 
အားလုံးအဆင်ပြေပါစေ.....။

Thank & Credit to ကိုဇော်မင်းသန်း

ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း (For Android)


ဖုန်းနံပါတ်ဖျောက်၍ ဖုန်းခေါ်နည်း လေးပါ..။အသုံးလိုတဲ့သူသုံး နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..။ personal call, secret call အစရှိတဲ့ ခေါ်ဆိုမှုတွေမှာ ကို့ဖုန်းနံပါတ်ကို မသိစေချင်ပဲဖျောက်ထားလို့ရပါ တယ်..။
ဘယ်လိုလုပ်မလဲ ဆိုရင်တော့ ကဲစလိုက်ရအောင်.....
  • ပထမဦးဆုံး အောက်မှာပေး ထားတဲ့ ဆောဝဲနှစ်ခု ကိုဒေါင်းလိုက်ရအောင်...။
  • ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် inslall ပါ.....။
  • ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
  • ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့  Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
  • and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
  • add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း select လုပ်ပါ...။
screen shots လေးပြထားပါတယ်...။

 
 




ဒီလောက်ဆို သူငယ်ချင်းများ နားလည်မယ်လို့မျှော်လင့်ပါတယ်.....။ဒီနည်းလေးကို ကိုအောင် ရဲ့ ဆိုက်မှ တွေ့ လို့ အားလုံးသိစေရန်ရည်ရွယ်ချက်ဖြင့် ကျနော်ပြန်လည်မျှဝေပေးပါတယ်.....။အသေးစိတ် ကိုတော့ ဒီလင့်မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်....။
 Features:
 ★ Widget with a maximum of 6 operating modes:
 ★ Hide Caller ID for all calls
 ★ Always submit Caller ID
 ★ Hide Caller ID for next call only
 ★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
 ★ Show Caller ID for selected contact groups (PRO Version)

 ★ Widget always shows the selected operation mode
 ★ you can change the GSM-Code prefix
 ★ Notification for the current status can be set up into notification bar
 ★ Visually impaired people with color-blindness can recognize symbols easily
 ★ Admin-UI mit many settings
 ★ clean the call log from the prefixes
အားလုံးပဲအဆင်ပြေပါစေ...။
 
Thank & Credit to ကိုဇော်မင်းသန်း
Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio