Tuesday 4 September 2012

ပုံပြင်လေးတစ်ပုဒ်

တစ်ခါတုန်းကပေါ့...ပါမောက္ခကြီးတစ်ယောက်က စာသင်ခန်းထဲကို ကျောင်းသားတွေကို စာသင်ပြပေးဖို့ ဝင်လာပါတယ်။ကျောင်းသားတွေက သူ့ကို နှုတ်ဆက်ပြီးတာနဲ့  ဆရာကြီးက သူ့အိတ်ထဲမှာပါလာတဲ့ အဝကျယ်တဲ့ ပုလင်းကြီး တစ်လုံးကို ထုတ်လိုက်တယ်။အဲ့ဒီ့ ပုလင်းထဲကို ဂေါက်သီးဘောလုံးလေးတွေ တစ်လုံးစီထည့်သွားလိုက်တာ နောက်ဆုံး ဘောလုံးတွေ ထပ်ထည့်လို့ မရတော့တဲ့ အထိပေါ့။အဲ့လို လုပ်ပြီးတော့ ဆရာကြီးက ကျောင်းသားတွေကို ဒီပုလင်းထဲမှာ ဂေါက်သီးတွေနဲ့ ပြည့်သွားပြီလားလို့မေးလိုက်တယ်။ ကျောင်းသားတွေကလည်းပြည့်သွားပါပြီ ဆရာကြီးလို့  ဖြေကြတာပေါ့နော်။

အဲ့လိုကျောင်းသားတွေဖြေပြီးတဲ့နောက် ဆရာကြီးက ကျောင်းသားတွေကို ဘာမှ ပြန်မပြောဘဲနဲ့  ဂေါက်သီးတွေနဲ့ ပြည့်နေတဲ့ အဲ့ဒီ့ ပုလင်းကြီးကိုဖြည်းဖြည်းချင်းလှုပ်ပြီး ခဲလုံးသေးသေးလေးတွေ ထပ်ထည့်ပြန်တယ်။ ဖြည်းဖြည်းချင်းလှုပ်ပေးလိုက်လို့  လွတ်ဟာနေတဲ့ နေရာတွေကို ခဲလုံးလေးတွေ ဝင်သွားပြန်တာပေါ့။ ပြည့်သွားပြီလားလို့ ကျောင်းသားတွေကိုမေးတော့ ပြည့်သွားပါပြီ ဆိုတဲ့ အသံဘဲထွက်လာတယ်။ဒီတစ်ခါမှာလဲ ပုလင်းကို ဖြည်းဖြည်းလှုပ်ရင်း သဲတွေကို ထပ်ပြီး အသာလောင်းထည့်ပြန်တယ်။လွတ်တဲ့နေရာတွေကို သဲတွေက ထပ်ဝင်သွားပြန်တယ်။နေရာလပ်တောင်မရှိတော့ဘူးတဲ့။ကျောင်းသားတွေက ဆရာကြီးမမေးခင်ပြည့်သွားတဲ့ သဲတွေကိုကြည့်ပြီး 'ပြည့်သွားပါပြီဆရာကြီး'လို့ အရင်ဦးအောင်ဖြေကြတယ်။
 ဆရာကြီးကတော့ဘာမှမပြောဘဲ ခေါင်းတညိတ်ညိတ်နဲ့ ဘဲ ပြုံးနေတာပေါ့။
ပြီးတော့ ရေနှစ်ဖန်ခွက်ယူပြီးပုလင်းထဲကို အသာထည့်လိုက်တယ်။ရေနှစ်ဖန်ခွက်လုံးက သဲထဲရေသွန်ဆိုသလိုပဲ ပုလင်းထဲကို ဝင်သွားပြန်တယ်။ကျောင်းသားတွေက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြတာပေါ့။
 ဒီတော့မှ ဆရာကြီးက စကားစပြောတယ်။
"ဒီပုလင်းဟာ မင်းတို့ဘဝရဲ့ ပုံပမာပဲ "ဂေါက်သီးဆိုတာက မင်းတို့ ဘဝမှာ လိုအပ်တဲ့ အရာ အရေးကြီးတဲ့ အရာလို့ ဆိုကြပါစို့ ... ဥပမာ။ ။ မိသားစု၊ဇနီးသည်၊ခင်ပွန်း၊ကျန်းမာရေး၊ကလေးတွေ၊သားသမီးတွေ၊မိတ်ဆွေတွေ၊ချစ်ခင်သူတွေ ပေါ့ ..ဒါတွေက မင်းတို့ ဘဝမှာ ပြည့်နေပြီလို့  ထင်ရတာတွေပေါ့။
ကျောက်ခဲတွေကတော့ ဘဝမှာ မြင်သာထင်သာတွေလို့  ဆိုကြပါဆို့...ဥပမာ။  ။မင်းတို့ရဲ့ အလုပ်အကိုင်တွေ၊အိမ်တွေ၊ကားတွေပေါ့။
သဲတွေကတော့ ဘေးဒုက္ခတွေရယ် သေးသေးမွှားမွှားကိစ္စတွေရယ် ပေါ့...."ကိစ္စများမြောင် လူတို့ ဘောင်"မဟုတ်လား။ဒါက လူ့ဘဝမှာ မမြင်နိုင်တဲ့အသေးအမွှားတွေနဲ့ ပြည့်နေတာကို ဆိုလိုတာပါ။
"ကဲ...တပည့်တို့ ...တကယ်လို့ သာ သဲကို အရင် အပြည့်ဖြည့်မယ်ဆိုရင် သဲထည့်ပြီးတဲ့နောက်မှာ ဘာမှ ထပ်ထည့်လို့ မရတော့ဘူးပေါ့။
သဲကို အရင်ထည့်မိရင် ဂေါက်သီးအတွက်ရော၊ခဲလုံးတွေ အတွက်ရော နေရာ ရှိတော့မှာ မဟုတ်ဘူး။
မင်းတို့ ရဲ့ဘဝမှာလည်း အဲ့ဒီ့လိုဘဲ မင်းတို့ ဟာ အသေးအမွှား ကိစ္စတွေမှာပဲ အားအင်တွေသုံး အချိန်တွေကုန်နေကြမယ်ဆိုရင် အရေးကြီးတဲ့ ကိစ္စတွေအတွက် နေရာရှိတော့မှာ မဟုတ်ဘူး။
မင်းတို့ ဘဝအတွက်အရေးကြီးတဲ့ အရာတွေအတွက် အချိန်မပေးနိုင်တော့ဘူးပေါ့။ဒီတော့ ဘဝမှာ အရေးကြီးတဲ့ အရာတွေကို ဦးစားပေးလုပ်ပါ။
နောက်ဆုံး သဲထဲ ဝင်သွားတဲ့ ရေကရော ဘာသဘောလဲ သိကြလား....
မင်းတို့  ဘဝမှာ ဘယ်လိုပဲ ပြည့်စုံနေနေ ပြည့်လို့မောက်လျှံနေပါစေ ရေတစ်ခွက် နှစ်ခွက်ကတော့ နေရာရှိပါသေးလားဆိုတာကို မမေ့ဖို့ ပါပဲ တဲ့။     ။
                 သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ..........

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio