Tuesday 4 September 2012

ဖုန်း Free ပြောနိုင်တဲ့ ဝက်ဆိုဒ်

ဖုန်း Free ပြောနိုင်တဲ့ ဝက်ဆိုဒ်လေး တစ်ခုပါ။ သူငယ်ချင်း maymyothut က တင်ပေးပါဆိုလို့  တစ်ခြားသူငယ်ချင်းတွေလဲ ဗဟုသုတ အနေနဲ့ ကြည့်ရအောင် ဘလော့ပို့ စ်အနေနဲ့ တင်လိုက်တာပါ။
နိုင်ငံတိုင်းတော့ မရပါဘူး ဖုန်း Free ခေါ်လို့  သူ့ဝက်ဆိုဒ်မှာ ပေးထားတဲ့ နိုင်ငံတွေသာခေါ်ဆိုလို့ ရပါတယ်။
မြန်မာနိုင်ငံတော့ ခေါ်လို့ မရပါဘူး :(

ဝက်ဆိုဒ်လေးက -  http://www.freecall.com  ပါ။

အောက်ကပုံကတော့ Free ခေါ်ဆိုနိုင်တဲ့နိုင်ငံတွေပါ။




ကျွန်တော်က ဘယ်လို ခေါ်ရမလဲ ဆိုတာကို အောက်မှာ ပုံလေးတွေ နဲ့ ရှင်းပြပါ့မယ်။

ဖုန်း မှ ဖုန်း သို့  ခေါ်နည်း

ဖုန်းရှိမှသာခေါ်လို့ ရပါတယ်....ဒီနည်းက....
http://www.freecall.com  သို့ သွားပါ။ အောက်ကပုံကဲ့သို့ ဇယားကွက်လေးကိုတွေ့ ရပါလိမ့်မည်။


ထိုအထဲတွင် မိမိဖုန်းနံပါတ် နှင့် မိမိ ခေါ်ဆိုမည့်သူ၏ ဖုန်းနံပါတ်ရိုက်ထည့်ပေးပြီး Call ကိုနှိပ်လိုက်ပါ။


ထိုအခါ မိမိဖုန်းကို မိမိခေါ်ဆိုမည့်သူ၏ ဖုန်းနှင့် ထိုဝက်ဆိုဒ်က ခေါ်ဆိုပေးပါလိမ့်မည်။
မိမိခေါ်ဆိုမည့်သူဘက်က ဖုန်းကိုင်တာနဲ့ စတင်ပြောလို့ ရပါပြီ။ တစ်ခါ ပြော ရင် ၁၀ မိနစ်လောက်ပြော၍ ရပါသည်။

အမြဲတမ်းတော့ မရပါဘူး ခေါ်ဆိုလို့ ..သူပေးထားတဲ့ limit ပြည့်သွားရင်  Free ခေါ်လို့ ရတော့မည် မဟုတ်ပါ။ ထိုအခါ မိမိအသုံးပြုနေသော IP ကို ချိန်းပြီး ပြန်ခေါ်ဆိုပါ။

ကွန်ပျူတာ မှ ဖုန်းသို့  ခေါ်ဆိုနည်း 

ဒါကတော့ ဆော့ဝဲလ်ကို ကွန်ပျူတာမှာ ဒေါင်းထား မှ ကွန်ပျူတာ ကနေ ဖုန်း ကို ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
http://www.freecall.com  သို့ သွားပါ။ အောက်ကပုံကဲ့သို့ ဇယားကွက်လေးကိုတွေ့ ရပါလိမ့်မည်။
ထိုဇယားကွက်ထဲမှ အနီရောင်နဲ့ ရေးထားတဲ့ Download now! ကိုနှိပ်ပါ။


စတင် ဒေါင်းလော့လုပ်နေပါလိမ့်မည်။ကျွန်တော်စက်က အင်တာနက်ဒေါင်းလော့မန်နေဂျာ ရှိတော့ သူနဲ့ ပဲ ဒေါင်းလော့ဆွဲပုံကို ပြတော့မယ်နော် :)
ဖိုင်ဆိုဒ်ကလည်း 5.91 MB ပဲရှိပါတယ်။

ဒေါင်းလို့ ပြီးလျှင် အကွက်တစ်ခု ပေါ်လာပါလိမ့်မည်။ဓါတ်ပုံရိုက်လို့ မရသောကြောင့် အဲ့ပုံတော့ မပါတော့ဘူး :)  ထိုအကွက်ထဲမှ Yes သာ နှိပ်ပေးလိုက်ပါ :)
ပြီးရင်အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။ OK ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။


Next သာဆက်နှိပ်ပေးလိုက်ပါ။


I accept ရှေ့သို့ အစက်လေး ထားပေးပြီး Next ကိုနှိပ်ပေးလိုက်ပါ။


                                                      install ကိုနှိပ်ပါ။
                                                     Finish ကိုနှိပ်ပါ။
                             အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။ခဏစောင့်လိုက်ပါ။

အကောက်တစ်ခု ဖောက်ပေးရပါမည်။ a new user ရှေ့မှာ အစက်လေးထားပြီး Next ကို နှိပ်လိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။လိုအပ်တာတွေဖြည့်ပေးလိုက်ပါ။
                                    
                                         ဖြည့်ပေးပြီးရင် Register ကိုနှိပ်လိုက်ပါ။


ထိုအခါ register လုပ်ပြီးကြောင်း ဘောက်တစ်ခုကျလာပါလိမ့်မည်။Ok ကိုနှိပ်ပေးလိုက်ပါ။


အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ Start ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

Upload,Download,Voice နေရာတွေကို အစိမ်းရောင်လေးတွေပြည့်သွားသည်အထိစောင့်ပြီး ..ပြည့်သွားရင် Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

             အောက်ကပုံအတွေအတိုင်းပေါ်လာပါလိမ့်မည်။ Next သာဆက်နှိပ်ပြီး သွားလိုက်ပါ။

                           အပေါ်က ပုံက Finish ကို နှိပ်လိုက်ရင်စတင်အသုံးပြုလို့ ရပါပြီ။

                             အောက်ကပုံလေးအတိုင်းပေါ်လာရင် စတင်ခေါ်ဆို နိုင်ပါပြီ။


type phone number or user name နေရာမှာ ခေါ်ဆိုလိုသည့် ဖုန်းနံပါတ် ရိုက်ထည့်ပြီး ခေါ်ဆိုနိုင်ပါသည်။မိမိခေါ်ဆိုသည့်သူငယ်ချင်းကလည်း ဒီဆော့ဝဲလ်ကို ဒေါင်းထားလျှင် ဂျီတော့မှာ အကောက် အပ်သလိုပဲ သူ့ ရဲ့ user name တောင်းပြီး အပ်၍ ခေါ်ဆိုနိုင်ပါသည်။စမ်းသပ်ကလိကြပေါ့ ဗျာ...ကျွန်တော့် user name ကတော့ phyu thar ပါ။

sms လည်း Free ပို့  နိုင်ပါတယ်။ phone ရှိရင်လည်း phone to phone ခေါ် ဆိုနိုင်ပါတယ်။


အဆင်ပြေကြပါစေ..
အဆင်မပြေရင် comment ပေးခဲ့ပါ။ဒါမှမဟုတ် toobigg02@gmail.com ကို မေးလ်ပို့  ပြီး မေးနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio