Saturday 15 December 2012

ACDSee Video Converter Pro 3 (Full Version With Serial Key)


သူငယ်ချင်းများအားလုံးပဲ မင်္ဂလာပါ ခင်ဗျာ....
ဒီတစ်ခေါက် ကျွန်တော်တင်ပေးမဲ့ဆော့ဝဲလ်လေးကတော့ Video တွေကနေ mp3,flv,mobile,...အစရှိတဲ့ဖောမတ်တော်တော်များများကို ပြောင်းပေးနိုင်တဲ့ Converter ကောင်းလေးတစ်ခုပါ။ နှိုက်နှိုက်ချွတ်ချွတ် လေ့လာချင်တယ်ဆိုရင်တော့ မူရင်းဝက်ဆိုဒ်က ဒီမှာပါ။
အောက်ကပုံကတော့ ပြောင်းနိုင်တဲ့ Format တွေပုံပါ။

သူ့ ဆိုဒ်လေးမှာညွှန်းထားတဲ့ သူ့ ဆော့ဝဲလ်အညွှန်းက တော်တော်ကောင်းတယ်ဆိုတော့ ကလိကြည့်လိုက်တယ်။ကြိက်သွားတာနဲ့  ဆော့ဝဲလ်ကိုစမ်းတယ်။Serial Key ရှာတယ်။အိုကေတယ်ဆိုတာနဲ့  ပြန်လည်မျှဝေလိုက်တာပါ။သူ့ ဆိုဒ်မှာတင်ထားတဲ့ဆော့ဝဲလ်ရဲ့တန်ဖိုးက $44.99 ပါ။ ကျော်ဇင် တင်ပေးတဲ့ လင့်ကနေသွားဒေါင်းရင် ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုပါဘူး။(ကွန်မက်လေးတော့ ချန်ခဲ့ပေါ့လေ :P)  ဖိုဒ်ဆိုဒ်က 24.00 MB ရှိပါတယ်။


လိုအပ်ခဲ့ရင် ဆော့ဝဲလ်ကို ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

◘◘အသုံးပြုပုံ◘◘
ဒေါင်းပြီးတဲ့ ဆော့ဝဲလ်ဖိုင်ကိုဖွင့်လိုက်ပါ။Finish ထိရောက်အောင်သွားလိုက်ပါ။Finish ကိုနှိပ်ပြီးတဲ့အခါ မိမိ Desktop ပေါ်မှာ ကြည့်လိုက်ပါ။ ACDSee Video Converter shortcut လေးကိုတွေ့ ရပါလိမ့်မည်။ထို shortcut ကိုကလစ်ပြီးဖွင့်လိုက်ပါ။


ဆော့ဝဲလ်ကိုဖွင့်ပြီးသွားရင် အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။ License key တောင်းပါလိမ့်မည်။ကီးက ဒေါင်းထားတဲ့ဖိုင်ထဲမှာပါပါတယ်။ကီးဖိုင်လေးကိုပြန်ဖွင့်ပြီး ကီးကို Copy ကူးပြီး License key ဘေးက လေးထောင့်ကွက်ထဲ မှာ Paste ပြီး Next ကိုနှိပ်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။Register later ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မည်။Register later ကိုထပ်နှိပ်ပြီးဆက်သွားလိုက်ပါ။

Box တစ်ခုကျလာပါလိမ့်မည်။OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
အောက်ကပုံအတိုင်းကျလာပါလိမ့်မည်။တကယ်ကျလာမှာက ကျွန်တော် အပေါ်ဆုံးမှာတင်ထားတဲ့ပုံစံအတိုင်းကျလာမှာပါ။နေရာအခက်အခဲကြောင့် ပြုပြင်ရမဲ့ ဘယ်ဘက်အခြမ်းကပုံနဲ့ ပဲ ဖော်ပြတာပါ။ :)
ပေါ်လာတဲ့အထဲက File ကိုနှိပ် Add file ကိုနှိပ်ပြီး မိမိဖောမတ်ပြောင်းချင်တဲ့ ဗွီဒီယိုဖိုင်ကို ထည့်နိုင်သလို....အောက်ကပုံမှာ ကျွန်တော် ညွှန်ပြထားတဲ့ ပုံလေးကို ကလစ်ပြီးတော့လည်း ထည့်နိုင်ပါတယ်။

Add File ကိုကလစ် ပြီးရင် မိမိဖောမတ်ပြောင်းချင်တဲ့ ဗီဒီယိုရှိသည့်နေရာကိုရွေး ၊တွေ့ ပြီဆို Open ကိုနှိပ်။အောက်ကပုံမှာ လည်း နံပါတ် ၁၊၂၊၃ ဆိုပြီးပြထားပါတယ်။

Openကိုကလစ်လိုက်ရင် အောက်ကပုံအတိုင်းပေါ်လာမှာပါ။မိမိပြောင်းချင်တဲ့ ဖောမတ်ကို ပြောင်းလို့ ရအောင် အောက်မှာကျွန်တော် မြားနဲ့ ထိုးပြထားတဲ့နေရာလေးကိုကလစ်ပြီးဆက်သွားလိုက်ပါ။

Choose Format ဆိုပြီး Box တစ်ခုကျလာပါလိမ့်မည်။ ကျလာတဲ့ Box ထဲမှ Output Type စာသားဘေးအကွက် အဆုံးရှိ အောက်စိုက်နေတဲ့ မြားခေါင်းလေးကို ကလစ်ပြီး မိမိပြောင်းချင်တဲ့ ဖောမတ်ကိုရွေးပါ။ကျွန်တော်ကတော့ Online Video Format ကိုရွေးပြီး ပြောပြပါ့မယ်။ :)
မိမိစိတ်ကြိုက်ပြောင်းချင်တဲ့ဖောမတ်ကိုရွေးပါ ပြီးရင် Choose Format's Box အောက်ခြေနားရှိ OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါတယ်။

အောက်ကပုံနှစ်ပုံက ဥပမာ ထပ်ရွေးပြထားတာပါ။

မိမိစိတ်ကြိုက်ဖောမတ်ရွေးပြီးရင်တော့ အောက်ခြေနားမှာရှိတဲ့ OK ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။ကျွန်တော်ကတော့ Online Video Format နဲ့ ပဲ ဆက်ရှင်းပြပါ့မယ်။
OK ကိုနှိပ်ပြီးဆက်သွားတဲ့အခါ အောက်ကပုံအတိုင်း ဆက်၍ ပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့ ပုံအထဲက ဆန့်ကျင်ဘက်မြားကွေးလေးနှစ်ခုပုံကို Convert လုပ်ဖို့ အတွက် ကလစ်ပြီးဆက်သွားလိုက်ပါ။

အောက်က ပုံကတော့ Convert လုပ်နေတဲ့ပုံပါ။ကျွန်တော်တွဲပြထားသလိုပေါ်မှာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းပေါ်မှာပါ။ :)

ပြောင်းလို့ ပြီးသွားရင်မိမိကွန်ပျူတာရဲ့ညာဘက်ထောင့်အောက်ခြေမှာ ပြောင်းလို့ ပြီးကြောင်း ဘောက်တစ်ခုပေါ်လာပါလိမ့်မည်။ထိုပုံထဲက လင့်ကနေပြီးတော့လည်း မိမိဖောမတ်ပြောင်းထားတဲ့နေရာကို တစ်ခါတည်း သွားကြည့်နိုင်ပါတယ်။

My Document(or)My Computer>Documents>ACDSee Video Converter Pro 3 Floder>Open အတိုင်းသွားပြီး ဖောမတ်ပြောင်းထားတဲ့ဖိုင်ကိုကြည့်နိုင်ပါတယ်။
အောက်မှာပုံနဲ့လည်းပြထားပါတယ်။

အောက်ကပုံကတော့ကျွန်တော်အပေါ်ဆုံးမှာ ပြထားတဲ့ပုံရဲ့ ညာဘက်အခြမ်းပါ။ဘာတွေပြုပြင်နိုင်လည်းဆိုတော့ မိမိဖောမတ်ပြောင်းဖို့ တင်လိုက်တဲ့ ဗွီဒီယိုဖိုင်ကို ဖြတ်တောက်နိုင်ပါတယ်။မိမိကြိုက်တဲ့ ဗွီဒီယိုထဲက ပုံကိုလည်းဓါတ်ပုံရိုက်ယူနိုင်ပါတယ်။အောက်မှာပုံနဲ့ ပြထားပါတယ်။
ကင်မရာပုံက ဓါတ်ပုံရိုက်ဖို့ ....
ဖြတ်တောက်ဖို့ က Select clip to convert ရှေ့က လေးထောင့်ကွက်မှာအမှန်ခြစ် ပြီး သူ့ အောက်ရှိအပြာရောင်တန်း အစွန်းနှစ်ဖက်ရှိ အဖြူကွေးလေးနှစ်ခုနှင့်လိုသလို ဖြတ်တောက်နိုင်ပါတယ်။

အောက်ကပုံကတော့ ဖောမတ်ပြောင်းပြီးတဲ့ အခါ လုပ်ဆောင်နိုင်တဲ့ Tool အကြောင်းတွေပါ။

အဆင်ပြေကြပါစေနော်......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio