Saturday 15 December 2012

မိမိဘလော့ဆိုဒ်မှာ ဘလော့ပို့ စ်တင်နည်း (စာရေးတင်နည်း)

အစ်ကိုတစ်ယောက်ကအကူအညီတောင်းထားလို့  ရယ် မသိသေးတဲ့သူငယ်ချင်းတွေရယ်အတွက်ရည်ရွယ်ပြီးတင်လိုက်တာပါ။
သိပြီးသားသူများကတော့ကျော်သွားပါခင်ဗျာ။
ပထမဦးဆုံး မိမိဘလော့ဆိုဒ်ကို သွားပြီး စာရေးမယ်ဆို ဂူဂဲလ်မှာပဲ blogger sign inလို့ ရိုက်ပြီးဝင်လိုက်ပါ။
မိမိဘလော့လိပ်စာရိုက်ပြီးဝင်လည်းရပါတယ်။တခြားဝင်နည်းတွေလည်းရှိပါတယ်။။
ကျွန်တော်ဝင်နေကြပုံစံအတိုင်းပဲပုံတွေနဲ့ ပြပေးပါ့မယ်။
ပြီးရင် မိမိဘလော့မှာသုံးထားတဲ့ အီးမေးလ်လိပ်စာနဲ့ ပက်စ်ဝက်ရိုက်ပြီး Sign in ဝင်လိုက်ပါ။
၁။Login ဝင်ရန်





အောက်ကပုံကတော့ မိမိ sign in ဝင်ပြီးရင် တွေ့ ရမဲ့ပုံစံပါ။
မိမိဘလော့မှာ စာရေးမယ်ဆို  ခဲတံပုံ လေးကို ကလစ်ပြီး ရေးနိုင်ပါတယ်။
စာရွက်ပုံလေးကတော့ မိမိအိမ်လိုပါပဲ လိုအပ်တာတွေ ပြုပြင်လို့ ရပါတယ်။
View blog ကတော့ မိမိဘလော့ကိုကြည့်တာပါ။
(ဘယ်ဘက်အစွန်မှာရှိတဲ့ New blog ဆိုတာကတော့ ဘလော့ဆိုဒ်အသစ်လုပ်ချင်တဲ့အခါသုံးတာပါ။ }



စာရေးမယ်ဆိုတော့ ခဲတံ ပုံလေးကို ကလစ်ပြီးဆက်သွားလိုက်ပါ။အောက်ကပုံစံအတိုင်းတွေ့ ရပါလိမ့်မည်။

စာရေးတင်ဖို့ အခုဖော်ပြထားတဲ့ ၄ ချက်သိရင် လုံလောက်ပါပြီ။
၁။Post လို့ ရေးထားတဲ့ ဘေးက လေးထောင့်ကွက်နေရာက မိမိရေးချင်တဲ့ပို့ စ်ခေါင်းစဉ်ရေးဖို့ ပါ။
၂။လွတ်နေတဲ့ အဖြူကွက်နေရာ{ပုံမှာနံပါတ် ၂ ဟုပြထားပါသည်}ကတော့ မိမိရေးချင်တဲ့ အကြောင်းအရာရေးဖို့ ပါ။
၃။ပြီးရင် ညာဘက်မှာရှိတဲ့ Labels{ပုံမှာ နံပါတ် ၃ ဟုပြထားပါသည်}ကတော့ မိမိရေးတဲ့ ပို့ စ်အမျိုးအစားကဏ္ဍရွေးဖို့ ပါ။(ဥပမာ။  ။နည်းပညာ၊ကဗျာ....)
ှ၎။ပြီးရင် Publish{ပုံမှာ နံပါတ် ၅ ဟုပြထားပါသည်} ကိုနှိပ်လိုက်ပါ။ ဒါဆို မိမိဘလော့ပို့ စ်တင်တာအောင်မြင်စွာပြီးဆုံးသွားပါပြီ။
........................................................................
အောက်ကပုံမှာ နံပါတ် ၄ ဟု မြားထိုးပြထားတဲ့ Schedule ကတော့ မိမိတင်တဲ့ပို့ စ်ကို အချိန်ပြောင်းလဲပြီးတင်ဖို့ အတွက်သုံးတာပါ။



အောက်ကပုံကတော့ ကျွန်တော်အပေါ်မှာပြောထားတဲ့ အချက်လေးချက်အတိုင်း အစဉ်လိုက် စာရေးတင်လိုက်တာပါ။



Publish ကိုနှိပ်ပြီးဆက်သွားလိုက်ရင်တွေ့ ရတတ်တဲ့ပုံစံနှစ်မျိုး
အောက်ကပုံကတော့  မိမိဘလော့ကို Google+ နဲ့ ပေါင်းထားရင် Share on Google+ ဆိုတဲ့ Box တစ်ခုကျလာမှာပါ။Google+နဲ့ မပေါင်းထားရင်တော့ ကျလာမည်မဟုတ်ပါ။


Google+ နဲ့ မပေါင်းထားရင်တော့ အောက်ကပုံအတိုင်းပေါ်ပါလိမ့်မည်။



ထိုအခါ မိမိရေးထားတဲ့ ပို့ စ်သည် အောင်မြင်စွာ မိမိဘလော့ဆိုဒ်လေးမှာတင်ထားပြီးသားဖြစ်ပါပြီ။ မိမိဘလော့ကို ကြည့်ဖို့  View blog ကိုနှိပ်ပြီးသွားလိုက်ပါ။
အောက်ကပုံကတော့ မိမိဘလော့ဆိုဒ် မှာ မိမိရေးတင်လိုက်တဲ့စာကို မိမိဘလော့ဆိုဒ်မှာ တင်ပြီးတာ တွေ့ ရတဲ့ပုံပါ။:)



ဒါဆို မိမိဘလော့ပို့ စ်ကို အောင်မြင်စွာတင်ပြီးပြီ ဖြစ်ပါသည်။
◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘◘
အောက်ကပုံကတော့ မိမိဘလော့အသစ်ရေးတင်ဖို့  ခဲတံပုံလေးကို နှိပ်ပြီး သွားလိုက်ရင် မိမိစာရေးတင်မဲ့ နေရာမှာ ရှိတဲ့ Tool တွေကို ကျွန်တော်နားလည်သလောက်ရှင်းပြထားတာပါ။



ကျွန်တော် နားလည်သလို ရှင်းပြထားတာ ဖြစ်တဲ့အတွက် အမှားအယွင်းပါရင် နားလည်ပေးကြပါလို့  ပန်ကြားအပ်ပါတယ်။
အဆင်ပြေကြပါစေနော်.................

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio