သူငယ်ချင်းများအားလုံးမင်္ဂလာပါ...
ဒီတစ်ခါတော့ ကွန်ပျူတာ ကို သန့် ရှင်းရေးလုပ်...အမှိုက်ရှင်း...ဖိုင်တွေ သူ့ နေရာနှင့်သူ ပြန်ပြီး အစီအစဉ်ကျအောင်ပြန်စီပေးတဲ့ဆော့ဝဲလ်လေးပါ။Full Version ဖြစ်အောင် ဒေါင်းလော့ဖိုင်ထဲမှာ Serial key လေးပါထည့်ထားပေးပါတယ်။သူငယ်ချင်းတို့ ရဲ့ ကွန်ပျူတာမှာလည်း ပါပါတယ် Defrag လုပ်တဲ့ဆော့ဝဲလ်က သူကတော့ လုပ်ဆောင်ချက်သိပ်မစုံပါဘူး။အခု တင်ပေးလိုက်တဲ့ Defrag ဆော့ဝဲလ်လေးကတော့ လုပ်ဆောင်ချက်တော်တော်များများ ပါဝင်တာကိုတွေ့ ရပါတယ်။
ဖိုင်ဆိုဒ်က 4MB ပဲရှိပါတယ်။
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်ပြီး Run လိုက်ပါ။ Finish အထိရောက်အောင်သွားလိုက်ပါ။ဆော့ဝဲလ်ပွင့်သွားရင် အောက်ကလိုပုံနှင့်ပေါ်လာပါလိမ့်မည်။ပေါ်လာသည့်ပုံထဲမှ Next ကို မနှိပ်ပဲ ညာဘက်အပေါ်ရှိ ကြက်ခြေခတ် သာနှိပ်ပြီးပိတ်လိုက်ပါ။ (Next နှိပ်ပြီးတော့လည်း လိုအပ်သလိုပြုပြင်နိုင်ပါတယ် ဘယ်အချိန်မှာ သန့် ရှင်းရေး လုပ်မယ်။ဘယ်ဖိုင်တွေကို သာ စီမယ်...အစရှိသဖြင့်ပေါ့...စမ်းသပ်ကလိကြကုန်..မရှင်းပေးတော့ဘူးနော် :) ) ကျွန်တော်ကတော့ ကြက်ခြေခတ်သာ နှိပ်ပြီး ပိတ်လိုက်ပါတယ်။
ဒါဆို ဆော့ဝဲလ်လေးပွင့်သွားပါပြီ....Full Version ဖြစ်ဖို့ အတွက် License Code ထည့်ပေးရမယ်။ကီးဖိုင်က ဒေါင်းထားတဲ့ ဖိုင်ထဲမှာ ပါပါတယ်။ ausserial.txt လို့ ရေးထားပါတယ်။ကီးဖိုင်ကို Mouse နှင့် နှစ်ချက်အမြန်ကလစ်ပြီး ကီးကိုကူးပြီး ဆော့ဝဲလ်ရှိ Help>Registerကိုနှိပ်လိုက်ရင် Auslogis Disk Defrag Professional ဟူသော BOX တစ်ခု ကျလာပြီး License Code ဘေးက အကွက်ထဲမှာ ကီးဖိုင်ထဲက ကီးကို Paste(သို့ ) ကူးထည့်လိုက်ပြီး Register ကိုနှိပ်လိုက်ပါ။ Full Version အဖြစ်ကီးထည့်ပြီးကြောင်း BOX တစ်ခု ကျလာပါလိမ့်မည်။OK ကိုနှိပ်ပေးလိုက်ပါ။အောက်မှာပုံနှင့်လည်းပြထားပါသည်။
OK ကို နှိပ်လိုက်လျှင် ဆော့ဝဲလ်ပိတ်သွားပါလိမ့်မည်။Desktop ပေါ်ရှိ Auslogics Disk Defrag Professional Shortcut လေးကိုကလစ်ပြီးပြန်ဖွင့်လိုက်ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မည်။Loading ခဏလုပ်ပါလိမ့်မည်။ပြီးအောင်စောင့်လိုက်ပါ။ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။
Local Disk(C:),(D:)...အစရှိတဲ့နေရာတွေရှေ့က Box ထဲကို Mouse နှင့် ကလစ်ပြီး အမှန်ခြစ်လေးတွေ ခြစ်ပေးပြီး Defrag ကိုနှိပ်လိုက်ပါ။
အောက်ကပုံက စတင် Defrag လုပ်နေတဲ့ပုံပါ။
ထိုဆော့ဝဲလ်တွင် တစ်ခြားလုပ်ဆောင်ချက်များ ပါပါသေးတယ်ခင်ဗျာ....ကိုယ်တိုင်ပဲ စမ်းသပ်ကလိလိုက်ကြပါနော်။ ကွန်ပျူတာကို အနည်းဆုံးတစ်လတစ်ခါ Defrag လုပ်ပေးသင့်ပါတယ်။ကျွန်တော်ကတော့ သုံးပတ်တစ်ခါ Defrag လုပ်ပါတယ်။ သန့် ရှင်းရေးလုပ်ပါတယ်။ဗိုင်းရပ်စ် စစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသစ်မဝယ်နိုင်သေးတော့ ရှိတဲ့ဟာလေးကို ကြာရှည်သုံးလို့ ရအောင်လို့ ပါ။ :)
အဆင်ပြေကြပါစေနော်.....
No comments:
Post a Comment