အမေ....
ဒုက္ခတွေ တနင့်တပိုးနဲ့ 
အပြန်လမ်းကို ထုတ်ပိုးဖို့ 
သားဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး....
အမေ....
စိတ်ကူးတွေအထပ်ထပ်ပွင့်လိုက်တိုင်း
သက်ပြင်းမောတွေသာ ကြွေကြွေကျလို့ 
ဘဝသစ်ပင်သာ နွမ်းခြောက်လာတယ်.....
အမေ....
ညညဆို ကောင်းကင်က
ကြယ်တွေလည်း မော့မကြည့်ရဲဘူး
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း
သိမ်ငယ်စိတ်တွေ ပြင်းပြင်းရှလို့ 
ဒါပေမဲ့လည်း....
အားမလျှော့ပါဘူး အမေ.....
မအောင်မြင်သေးတဲ့ခဏ
နေရောင်လိုမထွန်းပ
လရောင်လို မအေးမြပေမဲ့
အိမ်ပြန်လာချိန်မှာ
သားရွှေအိုးထမ်းလာမယ်
အမေ.....
လက်ဆယ်ဖြာထိပ်မှာမိုး၍
ဒီကဗျာနှင့်ပဲ
အဝေးကနေ စိတ်မှာမှန်း၍
ကန်တော့လိုက်ပါတယ်
မေမေကျန်းမာပါစေ။
ကျော်ဇင်
၂၄-၁၂-၂၀၁၂
ဒုက္ခတွေ တနင့်တပိုးနဲ့ 
အပြန်လမ်းကို ထုတ်ပိုးဖို့ 
သားဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး....
အမေ....
စိတ်ကူးတွေအထပ်ထပ်ပွင့်လိုက်တိုင်း
သက်ပြင်းမောတွေသာ ကြွေကြွေကျလို့ 
ဘဝသစ်ပင်သာ နွမ်းခြောက်လာတယ်.....
အမေ....
ညညဆို ကောင်းကင်က
ကြယ်တွေလည်း မော့မကြည့်ရဲဘူး
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း
သိမ်ငယ်စိတ်တွေ ပြင်းပြင်းရှလို့ 
ဒါပေမဲ့လည်း....
အားမလျှော့ပါဘူး အမေ.....
မအောင်မြင်သေးတဲ့ခဏ
နေရောင်လိုမထွန်းပ
လရောင်လို မအေးမြပေမဲ့
အိမ်ပြန်လာချိန်မှာ
သားရွှေအိုးထမ်းလာမယ်
အမေ.....
လက်ဆယ်ဖြာထိပ်မှာမိုး၍
ဒီကဗျာနှင့်ပဲ
အဝေးကနေ စိတ်မှာမှန်း၍
ကန်တော့လိုက်ပါတယ်
မေမေကျန်းမာပါစေ။
ကျော်ဇင်
၂၄-၁၂-၂၀၁၂
No comments:
Post a Comment