Saturday 26 January 2013

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ် ကို ဖွင့်ရင် မော်ဇီလာ နှင့် ပွင့်အောင် လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဂျီတော့ကနေ အီးမေးလ် အိုင်ကွန်လေးကို နှိပ်ပြီး ဂျီမေးလ်ဖွင့်ရင် Mozillafirefox  နဲ့ ပေါ်အောင်ဘယ်လိုလုပ်မလဲ မေးလာလို့  မသိသေးတဲ့ တစ်ခြားသူငယ်ချင်းတွေလည်း သိရအောင် ဘလော့ပို့ စ်အနေနဲ့ ပဲ တင်လိုက်ပါတယ်။

ပထမဦးဆုံး ဂျီတော့ ဆော့ဝဲလ်လေးကိုဖွင့်လိုက်ပါ။ဆော့ဝဲလ်ပေါ်လာရင် ညာဖက် အပေါ်မှာရှိတဲ့ Setting ကိုကလစ်ပြီး ဖွင့်လိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ Settings တွေ အထဲက General မှာရှိတဲ့ Open Gmail when I click on email link ရှေ့က Box မှာ အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေမှာရှိတဲ့ OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။


ပြီးရင် Mozilla Firefox Browser ကိုဖွင့်လိုက်ပါ။ ပေါ်လာရင် Mozilla Firefox ရဲ့ Setting တွေထဲက Tools ကိုကလစ် ပြီးရင် Options ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Options ကို  ကလစ်ပြီးဆက်သွားလိုက်ရင် Options ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။General ဟူသော Setting ကို စတွေ့ ရပါလိမ့်မည်။ Advanced ဆိုသော setting ကိုကလစ်လိုက်ပါ။

Advanced ကို ကလစ်လိုက်ရင် ပေါ်လာတဲ့ စာသားတွေထဲက Always Check to see......your default browser ရှေ့ရှိ လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ်ပေးပြီး အောက်ခြေရှိ OK ကို နှိပ်လိုက်ပါ။ မရှင်းလျှင် ပုံမှာ ကြည့်ပေးပါ။


အောက်ကပုံကတော့ တစ်ချို့  မော်ဇီလာ ဗားရှင်းတွေ မှာပေါ်တဲ့ပုံစံပါ။ Advanced ကိုကလစ်ပြီး ပေါ်လာတဲ့ Setting တွေထဲက Always Check to see......on startup ရှေ့က လေးထောင့်ကွက်ထဲတွင် အမှန်ခြစ်လေးခြစ် ပြီး အောက်ခြေရှိ OK ကို နှိပ်ပြီး မော်ဇီလာ ဘရိုဇာ ကို ပိတ်လိုက်ပါ။

ပြီးရင် Mozilla firefox browser ကို ပိတ်လိုက်ပါ။

ဒါဆိုရင် ဂျီတော့က မေးလ်ကို ဖွင့်ရင် မော်ဇီလာ ဘရိုဇာ နဲ့ ပဲ ပွင့်ပါပြီ။

အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio