Monday 14 January 2013

ဓါတ်ပုံတွေကို ရေထဲမှာ အရိပ်လေး ကျနေတဲ့ ပုံစံဖန်တီးလို့ ရတဲ့ ဆော့ဝဲလ်လေး

သူငယ်ချင်းများအားလုံးမင်္ဂလာပါ။
ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ ရဲ့ ဓါတ်ပုံတွေကို ရေထဲမှာ အရိပ်လေး ကျနေတဲ့ ပုံစံဖန်တီးလို့ ရတဲ့ဆော့ဝဲလ်လေးပါ။Portable လေးပါပဲ။ဖိုင်ဆိုဒ်ကလည်း 432.3kb ပဲရှိပါတယ်။

 လိုအပ်ခဲ့လျှင် Box ဆိုဒ်မှဒေါင်းရန်
           Mediafire မှဒေါင်းရန် 

◘◘အသုံးပြုပုံ◘◘
                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။အောက်မှာ ပြထားတဲ့ပုံလို ပေါ်လာပါလိမ့်မည်။ပေါ်လာတဲ့ပုံထဲမှ File အောက်ရှိ Floder ပုံလေးကို ကလစ်ပြီး ဓါတ်ပုံထည့်ပါ။
ဓါတ်ပုံထည့်ရန် Floder ပုံလေးကို ကလစ်လိုက်ရင် Open ဟူသော Box တစ်ခုကျလာပါလိမ့်မည်။မိမိ အသုံးပြုချင်သော ဓါတ်ပုံရှိသောနေရာသို့ သွားရွေးပါ။ပြီးရင် Open ကိုနှိပ်ပါ။
ပုံထည့်ပြီးသွားရင် Images နှင့် Height တွင် မိမိနှစ်သက်သလို ဓါတ်ပုံအရွယ်အစားကိုချိန်ပါ။
ပြီးရင် ဓါတ်ပုံထည့်သည့် Floder ပုံလေးဘေးရှိ တည်းဖြတ်သည့်ပုံစံလေးကို ကလစ်ပြီးဆက်သွားပါ။အောက်ကပုံမှာ မြားထိုးပြထားပါတယ်။
တည်းဖြတ်သည့်ပုံကိုနှိပ်လိုက်သည်နှင့် မိမိပုံသည် ရေထဲမှာ လှုပ်ရှားအရိပ်ထင်နေတဲ့ ပုံပေါ်လာမှာပါ။
ပြီးရင် တည်းဖြတ်သည့်ပုံဘေးကပ်လျှက်ရှိ မန်မိုရီကဒ်ပုံလေးကို ဆက်ကလစ်လိုက်ပါ။မန်မိုရီကဒ်ပုံကို ကလစ်လိုက်ရင် Export animation ဟူသော Box ကျလာပါလိမ့်မည်။ကျလာသည့် Box ထဲတွင် Export Format အောက်ရှိ ဘောက်ထဲတွင် Animated GIF ကို ရွေး၊ပြီးရင် OK ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
OK ကိုနှိပ်ပြီးဆက်သွားလိုက်ရင် Save As ဟူသော Box တစ်ခုထပ်ကျလာပါလိမ့်မည်။ဒီဘောက်ကတော့ မိမိဖန်တီးထားတဲ့ ပုံကို Save ဖို့ ပါ။ မိမိဖန်တီးထားသည့် ပုံကို Save ရန် နေရာကိုရွေးပါ။File name ကတော့ နာမည်တစ်ခုခုပေးလိုက်ပါ။Save as type: နေရာမှာတော့ GIF(*gif) ပဲထားပါ။ပြီးရင် Save ကိုနှိပ်ပါ။ဒါဆိုရင်တော့ မိမိဖန်တီးထားတဲ့ ရေပေါ်မှာ အရိပ်သဖွယ် လှုပ်ရှားနေတဲ့ ပုံလေးကို မိမိကွန်ပျူတာ ထဲမှာ အောင်မြင်စွာ Save လုပ်ပြီးပါပြီ။Save လုပ်ပြီးရင် Reflet ဟူသော ဘောက်တစ်ခု ထပ်ကျလာပါလိမ့်မည်။မိမိလုပ်ထားတဲ့ပုံက အလုပ်မလုပ်ဖူးလား လုပ်လားဆိုတာ စစ်ဖို့ ပါ။စစ်မယ်ဆို Yes မစစ်ဖူးဆို No ကိုနှိပ်ပါ။
အောက်ကပုံကတော့ Reflt ဘောက်ထဲက Yes ကိုနှိပ်ပြီး စစ်ကြည့်ထားတဲ့ပုံပါ။
အောက်ကပုံကတော့ Save ထားတဲ့ပုံပါ။

အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio