Monday 14 January 2013

Portable software ပေါင်းများစွာ စုစည်းပေးထားတဲ့ ဆော့ဝဲလ်

ဒီဆော့ဝဲလ်လေးကတော့ Portable ဆော့ဝဲလ်တွေ များစွာကို စုစည်းပေးထားတဲ့ဆော့ဝဲလ်ပါ။ဆော့ဝဲလ်၊ဂိမ်း၊ဗီဒီယို ပလေယာ၊mp3 ပလေယာ... အစရှိသည်တို့ ကို Portable အဖြစ်လုပ်ပေးထားတဲ့ဆော့ဝဲလ်ပါ။ထူးရှယ်ဆော့ဝဲလ်လေးလို့ ညွှန်းချင်ပါတယ်။Memory stick ထဲမှာထည့်ပြီးဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးပါ။




လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။

Mediafire မှ ဒေါင်းရန် 

◘◘အသုံးပြုပုံ◘◘
                      ဒေါင်းထားတဲ့ဆော့ဝဲလ်ကို Run လိုက်ပါ။ အပေါ်ကပုံလိုပေါ်လာပါလိမ့်မည်။မိမိနှစ်သက်သော ဆော့ဝဲလ် (သို့ မဟုတ်) ဂိမ်း တစ်ခုခုကို ရွေးပြီးလျှင် ၄င်းရှေ့ရှိ လေးထောင့်ကွက်ထဲတွင် Mouse နှင့်ကလစ်ပြီး အမှန်ခြစ်လေးခြစ်ပေးပြီး Next ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။အောက်ကပုံက မိမိရွေးလိုက်တဲ့ ဆော့ဝဲလ်ကို အင်စတော လုပ်နေသည့်ပုံပါ။( ဆော့ဝဲလ် ဒေါင်းသည့်အချိန်တွင်တော့ အင်တာနက်ကွန်နက်ရှင်လိုပါတယ်။)
အောက်ကပုံက တော့ ဆော့ဝဲလ်ကို ဒေါင်းလော့ ယူနေပုံပါ။
အောက်ကပုံကတော့ ဆော့ဝဲလ်ကို ဒေါင်းလော့ယူပြီးပုံပါ။
OK ကိုနှိပ်ပြီး ဆက်သွားလိုက်ရင် မိမိ ကွန်ပျူတာ၏ ညာဖက်အောက်ခြေနားတွင် မိမိဒေါင်းထားသည့်ဆော့ဝဲလ် သည် အောက်ကပုံလို ပေါ်လာပါလိမ့်မည်။ထိုအခါဆော့ဝဲလ်ကို ကလစ်ပြီး အသုံးပြုနိုင်ပါပြီ။
နောက်ထပ်ဆော့ဝဲလ်တွေ ဒေါင်းချင်သေးရင် ကွန်ပျူတာညာဖက်အောက်ခြေရှိ ၄င်း အိုင်ကွန်လေးကို ကလစ်လိုက်ပါ။
အိုင်ကွန်လေးကို ကလစ်လိုက်ရင် အောက်ကပုံလိုပေါ်လာပါလိမ့်မည်.ပေါ်လာသည့်အထဲမှ ဂွပုံ နှင့် Apps ဆိုတာကို ကလစ်။ပြီးရင် Get More Apps ကိုဆက်ကလစ်ပါ။အပေါ်ဆုံးက ပုံလိုပြန်ပေါ်လာပါလိမ့်မည်။
ထိုအခါ မိမိနှစ်သက်သည့်ဆော့ဝဲလ်ကိုရွေး ပြီးရင် ဒေါင်းလော့ယူ။အင်စတောလုပ်။အသုံးပြု။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio