Saturday 26 January 2013

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘလော့လုပ်နည်း (မသိသေးသူများ အတွက်သာ)

ဖေ့ဘွတ်မှာ မိမိနဲ့  အဆင်မပြေ ဖြစ်တဲ့ သူငယ်ချင်းကို ဘယ်လို ဘလော့လုပ်ရမလဲ မေးလာလို့  မသိသေးတဲ့ သူငယ်ချင်းတွေလည်း ဗဟုသုတ အဖြစ်လေ့လာလို့  ရအောင် ဘလော့ပို့ စ် အဖြစ် တင်ပေးလိုက်ပါတယ်။



ပထမဦးဆုံး ဖေ့ဘွတ် ကို မမိ အကောက်နှင့် Sign in ဝင်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ ဖေ့ဘွတ်စာမျက်နှာ ညာဖက် အပေါ်ရှိ ပင်နယံပုံ စက်သွားပုံလေးကိုကလစ်ပြီး ပေါ်လာတဲ့ အထဲက Privacy Settings ကိုကလစ်လိုက်ပါ။

ပြီးရင် Privacy Settings and Tools ဟူသော ခေါင်းစဉ်နှင့် ပွင့်လာပါလိမ့်မည်။ ဘယ်ဖက်အခြမ်းကိုကြည့်လိုက်ပါ။ အနီရောင်အလုံးထဲမှာ အဖြူရောင် တုတ်တို ပုံစံ သင်္ကေတ နှင့် Blocking ဟူသောစာသားကိုတွေ့ ရပါလိမ့်မည်။Blocking ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

Blocking ကို ကလစ်ပြီး ဆက်သွားလိုက်ရင် Manage Blocking ဟူပြီး ကျလာပါလိမ့်မည်။အလယ်လောက်မှာ ကြည့်လိုက်ပါ Block users: ဟု ရေးထားသော စာသားဘေးရှိ အကွက်ထဲက Add name or email နေရာမှာ မိမိ ဘလော့ချင်သောသူရဲ့ နာမည် (သို့ မဟုတ်) အီးမေးလ်လိပ်စာ ကိုရိုက်ထည့်ပြီး ထိုအကွက်ဘေးရှိ Block ကို နှိပ်ပြီး ဘလော့လုပ်နိုင်ပါသည်။

မိမိသူငယ်ချင်းပြန်ပြီးတော့ ဖြစ်ခွင့်ပေးချင်ရင် unblock ကိုပြန်နှိပ်ပေးလိုက်ရုံပါပဲ။

အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio