Tuesday, 26 February 2013
ငယ်ပေါင်းလေးသို့ .....
ငယ်ငယ်တုန်းက ''ဝ''လုံးလေးတွေ
အတူတူဝိုင်းအောင် ရေးခဲ့ဖူးတဲ့
ငယ်ပေါင်းလေး ရေ............
တစ်မိုးအောက်မှာ တစ်မြေတည်းနေ
တစ်ရေထဲသောက် သွေးသားတော်စပ်
မောင်နှမထက် ပို၍ချစ်ခင်
ရိုင်းပင်းကူညီ အားပေးတတ်တဲ့
ငယ်ပေါင်းလေး ရေ.............
မိုးရွာမရှောင် နေပူမရှောင်
ထဘီမနိုင် ပုဆိုးမနိုင်
နှပ်တွဲလောင်းနှင့်
ပျော်ပျော်ပါးပါး ဆော့ကစားခဲ့တဲ့
ငယ်ပေါင်းလေး ရေ........
သစ်ရွက်လှုပ်တာတောင်
ရင်ခုန်တတ်တဲ့ အရွယ်ရောက်တော့
ဖြူစင်မှုကို အရောင်ဆိုးလို့ 
ရင်ခုန်သံစကား ဖွင့်ပြောခဲ့တော့
ရှက်ပြုံးလေးနဲ့  ခေါင်းငုတ်နေတတ်တဲ့
ငယ်ပေါင်းလေး ရေ.....
ပျော်ရွှင်ရတဲ့ အချိန်တွေ
အကုန်မြန်လွန်းတယ်ဟာ......
သမုဒ္ဒရာ ဝမ်းတထွာအတွက်
ငါတို့ နှစ်ယောက် တစ်နေရာစီ
ကွာဝေးခဲ့ရတယ်.................
ဒီလိုနဲ့ ပဲ...........................
သစ်ရွက်တွေကြွေ
ပြက္ခဒိန်တွေ တစ်ခုပြီး တစ်ခုပြောင်း
သက်ပြင်းမောတွေ အခါခါချ
နှလုံးသားကတောင့်တ
အိပ်မရတဲ့ညတွေ များနေပြီပေါ့
ငယ်ပေါင်းလေး ရယ်.............
လွမ်းလိုက်တာကွာ...............။ ။
အမျိုးအစား/ကဏ္ဍ
ကိုယ်တိုင်ရေး ကဗျာ
No comments:
Post a Comment