Tuesday 26 February 2013

မလေးမြေက ပန်းအချို့ ကို ခံစားကြည့်ခြင်း

အရောင်အဆင်း.....အနံ့ သင်းထုံ
လှတယ်ဆို.....ခူးဆွတ် ဝယ်ယူ
သိမ်းပိုက်ချင်သည်။
တယုတယလည်း...နမ်းရှိုက်ကြ၏။
အရောင်လည်းနွမ်း...ရနံ့ လည်းပြယ်
ကြွေကျလျှင်....လွှင့်ပစ်နင်းခြေ
ဖျက်စီးကြ၏။
ကြွေကျသော်ငြား....အဆင်းမပျက်က
ခဏပန်ဆင်...ပြီးရင်လွှင့်ပစ်
လုပ်တတ်ကြသည်။
မလေးမြေက
ပန်းလေးတွေရယ်....
လန်းချိန်တန်းလန်း...
ပွင့်ချိန်တန်ပွင့်...
ဖူးချိန်တန်ဖူး...
အဖိုးထိုက်တဲ့ ပန်းလေးတွေသာ
ဖြစ်စေချင်တယ်။
                        
(မည်သူ့ ကိုမှမရည်ရွယ်ပါ၊တိုက်ဆိုင်သွားလျှင်ခွင့်လွှတ်ပေးကြပါ၊ကျွန်တော်မြင်တွေ့ နေရတဲ့အဖြစ်အပျက် ၊ ကြားသိရတဲ့အကြောင်းအရာလေးတွေကို ခံစားပြီး စိတ်မကောင်းခြင်းများစွာနဲ့  ရေးထားတဲ့ ခံစားမှုသက်သက်ပါ)

2 comments:

  1. အကိုကမ​လေးကို​ရောက်​​နေတာလား

    ReplyDelete
  2. ကျ​နော်​လည်း ဖြူးသားပါ

    ReplyDelete

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio