Sunday 24 February 2013

မိမိတို့ နှစ်သက်ရာ ဘလော့ဆိုဒ်ကို ဖုန်းဝက်ဆိုဒ် အဖြစ် အလွယ်ပြောင်းမယ်

သူငယ်ချင်း ညီအစ်ကို မောင်နှစ်မ တွေ စမ်းသပ်ကလိဖို့  အတွက် ပါ။ မိမိတို့  နှစ်သက်ရာ ဘလော့ဆိုဒ် ကို ဖုန်းပေါ်က နေ ကြည့်ရင် အဆင်ပြေစေမဲ့ ဝက်ဆိုဒ်လေး တစ်ခု ဖုန်းဝက်ဆိုဒ်လေးတစ်ခု ဖန်တီးနည်းလေးပါ။
တစ်ခြားနည်းတွေလည်း ရှိမှာပါ။ အခုဖော်ပြတဲ့ နည်းကတော့ ကျွန်တော် သိတဲ့ နည်းလေးပါ။ Android ဖုန်းတွေ အတွက်ကြည့်လို့  အဆင်ပြေပါတယ်။တစ်ခြားဖုန်းမှာ မစမ်းရသေးပါ။

 ပထမဦးဆုံး ဒီလင့်လေးကိုအရင်သွားလိုက်ပါ။
ဝက်ဆိုဒ်ရောက်ရင် Create a mobile site for Free အောက်ရှိ အကွက်ထဲတွင် မိမိပြောင်းချင်တဲ့ ဘလော့ဆိုဒ် URL ကို ထည့်ပါ။


ပြီးရင် GO! ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။

Create an account for free! အောက်ရှိ အကွက်တွင် မိမိအီးမေးလ်လိပ်စာ ။ ပက်စ်ဝက် ( အင်္ဂလိပ်အက္ခရာ နှင့် ဂဏန်း ပါရမည်။ ၇ လုံးထက် မကျော်ရပါ) ဥပမာ။ ။ kokok23
ပြီးရင် I agree ရှေ့က လေးထောင့်ကွက်မှာ အမှန်ခြစ်လေးခြစ်ပေးပြီး START NOW! ကို နှိပ်ပြီးဆက်သွားလိုက်ပါ။

အောက်ကပုံက နမူနာဖြည့်ပြထားတာပါ။
ပြီးရင် Loading လုပ်နေပါလိမ့်မည်။ ခဏစောင့်လိုက်ပါ။
ပြီးရင် မိမိဖန်တီးထားတဲ့ ဘလော့ဆိုဒ်ကို Analyzing လုပ်နေပါလိမ့်မည်။ ပြီးဆုံးအောင်စောင့်လိုက်ပါ။
ပြီးရင်တော့ အောက်ကပုံလိုပေါ်လာပါလိမ့်မည်။ မိမိဆိုဒ်အတွက် Template ကို ရွေးပါ။ မရွေးချင်လည်း Next ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။


ထို့ အပြင် မိမိ ဆိုဒ်အတွက် တခြားလိုအပ်တာများကိုလည်း ပြုပြင်နိုင်ပါတယ်။ မိမိဘာသာ စမ်းသပ်ကလိကြပါ။မြားအပြာလေးကို ကလစ်ပြီးလိုအပ်သလို ပြုပြင်နိုင်ပါတယ်။
ကျွန်တော်ကတော့ Next ကို ကလစ်ပြီး ဆက်သွားလိုက်ပါတယ်။ Select a Packaged ဟူသော Tab တစ်ခုထပ်ကျလာပါလိမ့်မည်။ Basic-Free ဟူသော အကွက်ရှိ SELECT ကို ရွေးပြီး ဆက်သွားလိုက်ပါ။

Select ကိုနှိပ်ပြီး ဆက်သွားလိုက်ရင် ပေါ်လာမည့်ပုံပါ။ send the URL to your email: ဘေးရှိ Click here ကိုကလစ်ပြီး မိမိမေးလ်သို့  မိမိဖန်တီးထားတဲ့ ဝက်ဆိုဒ် URL ကို ပို့ နိုင်သလို Next ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။Share on Facebook ကိုနှိပ်ပြီး မိမိဖေ့ဘွတ် မှာ Share နိုင်ပါတယ်။
ကျွန်တော်ကတော့ Next ကို ပဲ နှိပ်ပြီး ဆက်သွားလိုက်ပါတယ်။

အောက်ကပုံကတော့ Next ကို ကလစ်ပြီး ဆက်သွားလိုက်ရင်ပေါ်လာမည့်ပုံပါ။Next ကိုပဲ ကလစ်ပြီး ဆက်သွားလိုက်ပါ။

Next ကို ကလစ်ပြီး သွားလိုက်ရင် အောက်ကလို ပုံ ပေါ်လာပါလိမ့်မည်။ ပေါ်လာတဲ့ စာတွေ ထဲက လင့်အပြာလေးက မိမိဖန်တီးထားတဲ့ ဖုန်းဝက်ဆိုဒ်လင့်ပါ။ ထိုလင့်ကို မှတ်သားထား၍ မိမိဖုန်းနှင့် အင်တာနက်သုံးသော အခါ ဖုန်း Browser မှာ ရိုက်ထည့်ပြီး ဝင်ကြည့်နိုင်ပါတယ်။ကွန်ပျူတာ မှာလည်း ထိုလင့်ကို ကလစ်ပြီး မိမိ ဖန်တီးထားတဲ့ ဖုန်းဝက်ဆိုဒ်ကို ကြည့်နိုင်ပါတယ်။

အောက်ကပုံကတော့ ကျွန်တော် နမူနာလုပ်ပြထားတဲ့ ကျွန်တော့်ဆိုဒ်လေးကို ကွန်ပျူတာကနေ သွားပြီး ကြည့်ထားတဲ့ ပုံပါ။
အောက်ကပုံကတော့ ကျွန်တော့်ဖုန်း Browser ကနေ ကျွန်တော် ဖန်တီးထားတဲ့ ဖုန်းဝက်ဆိုဒ် URL ကို ရိုက်ထည့်ပြီး သွားကြည့်ထားတဲ့ပုံပါ။ တော်တော် အဆင်ပြေပါတယ်။

အောက်ကပုံကတော့ ကျွန်တော် ဒီပို့ စ် ကို တင်ဖို့  ထပ်ပြီး ဓါတ်ပုံတွေ ယူဖို့  လုပ်ရင်း အသစ်ဖန်တီးထားတဲ့ ဆိုဒ်ပါ။ ဖုန်းထဲတော့ ထည့်မစမ်းရသေးပါဖူး။ ကွန်ပျူတာမှာပဲ Screen shoot ယူထားတဲ့ပုံပါ။





အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio