Saturday 24 August 2013

ဗိုင်ဗာ ဆော့ဝဲလ်ကို ကွန်ပျူတာမှာ ထည့်နည်း (၁)

ပထမဦးဆုံး ဒီ ဗိုင်ဗာ ဆော့ဝဲလ်ကို ထည့်ဖို့  အတွက် အန်းဒရိုက်၊အိုင်ဖုန်း၊ဘလက်ဘယ်ရီ၊ဝင်းဒိုးမိုဘိုင်း တစ်လုံးလုံးရှိဖို့  လိုပါတယ်။

ဂူဂဲလ်ပလေးစတိုး ကို ဝင်လို့  ရတဲ့ နိုင်ငံက ဖြစ်ရပါ့မယ်။

ဖုန်းမှာသုံးထားတဲ့ ဗိုင်ဗာ ဆော့ဝဲလ် က ပလေးစတိုးကနေ သင့်ဂျီမေးလ် နှင့် အင်စတော လုပ်ထားတဲ့ ဆော့ဝဲလ် ဖြစ်ရပါမယ်။

ဖုန်း နှင့် ကွန်ပျူတာ မှာ ဗိုင်ဗာဆော့ဝဲလ်ကို ကွန်ပျူတာ မှာ အင်စတောလုပ်စဉ် အင်တာနက် ကွန်နက်ရှင် ရှိရပါ့မယ်။

ပထမဦးဆုံး ဗိုင်ဗာ ဆော့ဝဲလ်ကို ကွန်ပျူတာမှာ အင်စတောလုပ်ဖို့  အတွက် http://www.viber.com/  ကိုသွားပြီး ဗိုင်ဗာ ဆော့ဝဲလ်ကို ဒေါင်းပါ။

 ဒေါင်းလော့ယူပြီးရင် ဆော့ဝဲလ်ကို ဖွင့်ပါ။ပြီးရင် Accept & Install ကိုနှိပ်ပြီး ဆက်သွားပါ။
 
ဆော့ဝဲလ်ကို အင်စတော လုပ်နေပါလိမ့်မည်။ အစိမ်းတန်းလေးပြည့်အောင် စောင့်လိုက်ပါ။

အစိမ်းတန်းလေးပြည့်သွားရင် အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မည်။ Yes ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

သင်နေထိုင်တဲ့ နိုင်ငံရွေး ....သင့်ဖုန်းနံပါတ်ထည့်....ပြီးရင် Continue ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။ ဖုန်းမှာ သုံးထားတဲ့ နံပါတ်ပဲ ထည့်ပေးရမှာ ဖြစ်ပါတယ်။
ခဏစောင့်လိုက်ပါ Connecting လုပ်နေပါလိမ့်မည်။ သင့်ဖုန်းကိုလည်း ကုဒ်လေးလုံးပို့ ပေးပါလိမ့်မည်။

ကုဒ်လေးလုံးကို ရိုက်ထည့်ပါ။ ပြီးရင် Enter Viber နှိပ်ပြီး ဆက်သွားလိုက်ပါ။
ဒါဆိုရင်တော့ ဗိုင်ဗာဆော့ဝဲလ်ကို ကွန်ပျူတာ မှာ အောင်မြင်စွာ ထည့်ပြီးပါပြီ ခင်ဗျာ ။ မြန်မာလိုတော့ ရိုက်လို့ မရ သလို မြင်လည်း မမြင်ရပါ။ ဖုန်းပြောရုံပဲ အဆင်ပြေပါတယ်။


အဆင်ပြေကြပါစေ။

အောက်က ပုံလေးတွေ ကတော့ ဗိုင်ဗာ ဆော့ဝဲလ်ကို ပလေးစတိုး က အင်စတော လုပ်ထားတာ မဟုတ်လျှင် ပေါ်မည့်ပုံစံတွေပါ။

ဖုန်းနံပါတ် ရိုက်ထည့် ပြီး  Connecting လုပ်ပြီးရင် အောက်ကအတိုင်းပေါ်လာပါလိမ့်မယ်။
ပလေးစတိုးက သင့်ဂျီမေးလ် နဲ့  အင်စတောလုပ်မထားတဲ့ ဗိုင်ဗာ ဆော့ဝဲလ်မိုလို့ ပါ။ ဒါကြောင့် အန်းဒရိုက်ပုံလေးကို နှိပ်လိုက်ပါ။

ဗိုင်ဗာ ဝက်ဆိုဒ်ကို ရောက်သွားပါလိမ့်မယ်။  Get Viber ကိုနှိပ်လိုက်ပါ။

ပလေးစတိုး ကို ဗိုင်ဗာ ဆော့ဝဲလ် အင်စတောလုပ်ဖို့  ရောက်သွားပါလိမ့်မယ် ။ သင့်ဂျီမေးလ် လိပ်စာနဲ့  ဝင်ပြီး အင်စတောလုပ်ပါ ။ သင့်ဖုန်းမှာ သုံးထားတဲ့ ဂျီမေးလ် ဖြစ်ရပါမယ်။ သင့်ဖုန်း ကလည်း အင်တာနက်လိုင်း ဖွင့်ထားရပါ့မယ်။ ဒါဆို ပလေးစတိုးမှာ သင် အင်စတော လုပ်လိုက်တာနဲ့  သင့်ဖုန်းမှာလည်း ဗိုင်ဗာ ဆော့ဝဲလ်ကို အင်စတော လုပ်နေပါလိမ့်မယ်။ အကယ်လို့  သင့်ဖုန်းမှာ ဗိုင်ဗာ ဆော့ဝဲလ်ကို သုံးထားလျှင် အရင် ဖျက်ပြီးမှ ပလေးစတိုးက အင်စတောလုပ်ထားတဲ့ ဗိုင်ဗာ ဆော့ဝဲလ်ကို အင်စတော လုပ်ပါ။   ဖုန်းမှာ ဗိုင်ဗာ ကို အောင်မြင်စွာ အင်စတော လုပ်ပြီးလျှင် ကွန်ပျူတာမှာ ဒေါင်းထားတဲ့ ဗိုင်ဗာ ကိုပြန်ဖွင့်ပြီး အပေါ်က အဆင့်တွေ အတိုင်းပြန်လုပ်ကြည့်ပါ။ ဒါဆို အိုကေ ပါလိမ့်မယ်။



အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio