Thursday 17 January 2013

Facebook ရဲ့ ရှာဖွေရေးဝန်ဆောင်မှု အသစ် Graph Search

တစ်ကမ္ဘာလုံးက လူအများအပြား နေ့စဉ်နေ့တိုင်း စွဲမြဲစွာ အသုံးပြုနေကြတဲ့ Facebook မှာကိုယ် လိုချင်တာ
ရှာဖွေဖို့ ဆိုရင် အခက်အခဲ ရှိပါတယ်။ လူတစ်ဦးရဲ့ နာမည် သို့မဟုတ် ကုမ္မဏီ တခုရဲ့လိပ်စာကို ရိုက် ထည့်လိုက်ရင် Facebook က ကန့် သတ်ချက် တချို့ နဲ့ပဲ ရှာဖွေပေးနိုင်ခဲ့တာပါ။ဒါပေမယ့် Facebook က ဒီအခက်အခဲကို ဖြေရှင်းဖို့ သူ့ရဲ့ ခြေလှမ်းသစ်ကို စတင်လိုက်ပါပြီ။


ရှာဖွေရေး Graph Search

တီထွင်မှုအသစ်နဲ့ ပြောင်းလဲဖို့ အချိန်တန်ပြီ လို့ဆိုရမလိုပဲ - အင်္ဂါနေ့တုန်းက အမေရိက မှာ Facebook ပိုင်ရှင်
မက်ဇက်ကာဘက်က “Graph Search” ဆိုတဲ့စွမ်းဆောင်ရည်အသစ်နဲ့ပရိသတ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
“ Graph Search “ ဆိုတဲ့ နာမည်နဲ့ Facebook ရဲ့ စွမ်းဆောင်မှုအသစ်ဟာသင်သိချင်သမျှအရာတချို့ကိုအချိန်
တို အတွင်း စာလုံးရေ အနည်းငယ် ရိုက်ထည့်လိုက်နဲ့ ဖြေပေးပါလိမ့်မယ်။
ဥပမာ ဆိုရရင် - သင်ဟာ သင့်ရဲ့ ပတ်ဝန်းကျင်အတွင်းမှာ ဘယ်သူ တင်းနစ် ၀ါသနာ ပါသလဲ ဆိုတာ သိချင်ပါ
သလား။Facebook က သင့်လိုချင်တဲ့အဖြေကို ချက်ချင်း ရှာပေးပါလိမ့်မယ်။
သမိုင်းထဲက ဓာတ်ပုံတွေ ပြန်ကြည့်ချင်ပါသလား၊လိုချင်တဲ့အရာကိုFacebook မှာရိုက်ထည့်လိုက်တာနဲ့အလွယ်
တကူ ရှာပေးပါလိမ့်မယ်။
ဒီ Graph Search ဟာ လွန်ခဲ့တဲ့ နှစ်တွေထဲမှာ Facebook ရဲ့ အကောင်းဆုံး ကြိုးစားပြီး ဆန်းသစ် ထားတဲ့တီ
ထွင်မှု ဖြစ်တယ်လို့ Facebook တည်ထောင်သူ နဲ့ အမှုဆောင် အရာရှိ မက်ဇက်ကာဘက်က ဆိုပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့နှစ်က စတော့ရှယ်ယာ ဈေးကွက်ထဲ စ၀င်ပြီး အများပိုင်ကုမ္မဏီ ဖြစ်ခဲ့တာပါ။
အဲဒီကတည်းက ဆန်းသစ်တဲ့ နည်းပညာ အသစ်တွေကို Facebook အတွင်း ထည့်သွင်းဖို့ကြိုးစားနေခဲ့ပါတယ်။
အခုဘယ်သူမှမထင်မှတ်တဲ့အချိန်မှာGraphSearchကိုမိတ်ဆက်လိုက်နိုင်တာကြောင့်သူရဲ့စတော့ရှယ်ယာတွေ
ဟာဈေးပြန်မြင့်လာဖွယ် ရှိနေပါပြီ။

စောင့်ကြည့်ဖို့ လိုသေးတယ်

GraphSearchဟာအစမ်းသပ်ခံအနေနဲ့သာထွက်လာတာဖြစ်ပြီးဒါကိုအသုံးပြုဖို့ခေတ္တမျှ စောင့်ရအုံးမှာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဇက်ကာဘက်က -ဒါဟာစမ်းသပ်တုန်းပဲရှိပါသေးတယ်၊အစပျိုးတဲ့ကာလဖြစ်ပေမယ့်သုံးစွဲသူတွေ
လိုချင်တဲ့သတင်းအချက်အလက်တွေကိုယခင်ကထက်ပိုမိုအကျိုးရှိစွာအသုံးပြုဖို့အဓိကထားပါတယ်လို့ဆိုပါတယ်။
Facebook ကွန်ရက်အတွင်းမှာ ကိုယ်ရေး ရာဇ၀င် အချက်အလက် ၁ ဘီလျံ၊ ဓာတ်ပုံ ၂၄ ဘီလျံ၊အဆက်အသွယ်
ချိတ်ဆက်မှုပေါင်း ၁ ထရီလျံ ရှိတယ် လို့လည်း မိတ်ဆက်ပွဲမှာ ဇက်ကာဘက်က ပြောကြားခဲ့ပါတယ်။
ဒါတွေကို ရှာချင်ရင်တော့ ယခု သင် နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Facebook ရဲ့ အပေါ်ဆုံး က ရှာဖွေရန်နေရာ
(main search bar) မှာ လိုချင်တာ ရိုက်ထည့်ပြီး ရှာရုံပါပဲ။

စမ်းသပ်ဆဲကာလ အဟန့်အတားများ

ယခုအချိန်မှာတော့ ဒီစွမ်းဆောင်ရည်ဟာ မိုဘိုင်းဖုန်းတွေ အတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးသလို၊
အင်စတာဂရမ်(Instagram) နဲ့လည်း ချိတ်ဆက်ထားမှု မရှိပါဘူး။
ပြီးတော့ကာ API လို့ခေါ်တဲ့ Facebook အပြင်ဘက်က ဆော့ဖ်ဝဲ ရေးသား သူများ ၀င်ရောက်၍ သက်ဆိုင်တဲ့
အက်ပလီကေးရှင်း (apps) တွေကိုလည်း ဖန်းတီးခွင့် မရှိသေးပါ။
နောက်ထပ်တခုကတော့လက်တလောမှာGraphSearchဟာအင်္ဂလိပ်ဘာသာနဲ့သာအလုပ်လုပ်နိုင်တဲ့အချက်ပါပဲ။
ရှာဖွေတဲ့နေရာမှာ ပုံမှန်နေ့စဉ်အသုံးပြုနေကြစကားလုံးတွေနဲ့ ရှာဖွေနိုင်ပြီး ဘယ်သူငယ်ချင်းက ကြောင် ချစ်လဲ
( Friends who love cats ) ဆိုတဲ့ မေးခွန်းမျိုး ရိုက်ထည့် လိုက်ပါက သင်လိုချင် တဲ့ အဖြေကို အလွယ် တ ကူ
ရှာဖွေနိုင်မှာပါ။နောက်တခုကတော့ စီးပွားရေး လုပ်ငန်းဆောင်တာတွေ နဲ့အလုပ်အကိုင် ရှာဖွေရေး အတွက်ပိုမို
အကျိုးရှိလာနိုင်ပါတယ်။
  
လုံခြုံရေး

ဒါပေမယ့် အနောက်တိုင်းက လူအများ စိုးရိမ်စွာ မေးလာနိုင်တာက “Graph Search” ဟာ သုံးစွဲသူတွေရဲ့
ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုကို ခြိမ်းခြောက်နေသလားဆိုတာပါပဲ။
Facebook က ပြောကြားရာမှာတော့ ဒီ ရှာဖွေရေး စွမ်းရည်သစ် ဟာ သင်ခွင့်ပြုထားတဲ့ အတိုင်းအတာထဲမှာသာ တခြားလူက ရှာဖွေနိုင်မှာဖြစ်ပါတယ် တဲ့။
ဇက်ကာဘက်ကလျှို့ ဝှက်ကိုယ်ရေးအချက်အလက်တွေနဲ့ပတ်သတ်ပြီးလုံခြုံ ဖို့ အထူးအလေးထားကြောင်းလည်း
ပြောခဲ့ပါသေးတယ်။

ဂူဂဲလ်ကို ယှဉ်ဖို့လား?

Facebook ရဲ့ “Graph Search” ဟာ အချက်အလက်ရှာဖွေရေးမှာ ဆရာတဆူဖြစ်တဲ့ Googleကိုခြိမ်းခြောကနိုင်
်ဖို့တော့မရှိပါ။ဒါနဲ့ပတ်သတ်ပြီးဇက်ကာဘက် က အင်တာနက်အသုံးပြုသူတွေအနေနဲ့အရာရာတိုင်းကို Facebook
သုံးပြီး ရှာလိမ့်မယ်လို့ မထင်ပါဘူး။“Graph Search”ဟာFacebookသုံးစွဲသူတွေအသုံးပြုနေခိုက်လိုချင်တာရှိပါက
အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရှာဖွေနိုင်အောင်သာ တမူ ထူးခြားအောင် စီစဉ်ထားတာပါ လို့ ဆိုပါတယ်။
ဇက်ကာဘက်ကသူတို့ရဲ့ပစ္စည်းသစ်ကိုအစမ်းသပ်ခံကာလကနေပြီးသုံးစွဲသူရဲ့တုံ့ ပြန်ချက်ကိုကြည့်ပြီးပိုမိုကောင်း
မွန်လာအောင် တဖြည်းဖြည်း ပြုလုပ်သွားမယ် လို့ ဆိုလိုက်ပါတယ်။
Facebook ချစ်သူတွေရဲ့ စာမျက်နှာတွေမှာဒီ (Graph Search) ကို အသုံးပြုဖို့ တိုက်တွန်းသွားမယ်၊Facebook
ရဲ့လုပ်ငန်းဆောင်တာစွမ်းရည်တီထွင်မှုတွေကို လေ့လာခွင့်ရအောင်လုပ်သွားပါမယ်စသဖြင့်မီဒီယာနဲ့မိတ်ဆက်
ပွဲမှာ ဇက်ကာဘက်က ပြောကြားခဲ့ပါတယ်။
အခုလို Facebook ရဲ့ “Graph Search Beta” ကို
ဦးဦးဖျားဖျား စမ်းသပ်ချင်တဲ့ သူတွေအနေ နဲ့
https://www.facebook.com/about/graphsearch မှာ သွားရောက်ပြီး Join Waiting List ကိုနှိပ်ကာစမ်းသပ်နိုင်ပါတယ်။
ဒါ့အပြင် မက်ဇက်ကာဘက် ဦးဆောင်ပြီး Facebook အင်ဂျင်နီယာများ “Graph Search”တီထွင်ဖြစ်ပုံအကြောင်းဗီဒီယိုတွေကြည့်ကာ လေ့လာ ပညာယူလို့ ရကြောင်း လက်တို့လိုက်ပါတယ်။
source-http://blog.irrawaddy.org/2013/01/facebook.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio