Thursday 17 January 2013

Facebook အကောက်ဖျက်နည်း

 သူငယ်ချင်းအားလုံးမင်္ဂလာပါ။
Facebook အကောက်ဖျက်ဖို့ အတွက် ဒီလင့်လေးကနေအရင်သွားလိုက်ပါ။

ပြီးရင် မိမိဖျက်ချင်တဲ့ အကောက်နဲ့  Login ဝင်လိုက်ပါ။


ပြီးရင် တစ်ကယ် Delete လုပ်မှာလားလို့ မေးတဲ့ Box ပေါ်လာပါလိမ့်မည်။ Delete My Account ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။
ပြီးရင် Permanently Delete Account ဟူသော Box တစ်ခု ထပ်ကျလာပါလိမ့်မည်။
You are about.............following; စာသားအောက်ရှိ Password ဘေးက နေရာတွင် မိမိဖျက်နေသော ဖေ့ဘွတ်အကောက်ရဲ့ Password ကိုရိုက်ပါ။
Security Check အောက်ရှိ စာလုံးမဲမဲ တွေကို Text in the box; အောက်ရှိ နေရာတွင် ရိုက်ထည့်ပေးပြီး OK ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။
အောက်ကပုံက နမူနာ ထည့်ပြထားပုံပါ။
တစ်ကယ်လို့  မိမိဖျက်နေတဲ့ အကောက်မှာသုံးတဲ့ ဂျီမေးလ်ကို ဖွင့်ထားရင် ကွန်ပျူတာ ရဲ့ ညာဖက်အောက်ခြေနားမှာ ဖေ့ဘွတ်က အကောက်ကို ယာယီ ဖျက်ထားပြီး ကြောင်း မေးလ်တစ်စောင်ရောက်ပါလိမ့်မည်။အကယ်၍ မဖွင့်ထားလျှင်လည်း မေးလ်ကို ဖွင့်ကြည့်လိုက်ရင် တွေ့ ပါလိမ့်မည်။

ပြီးရင် Permanently Delete Account ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။OK ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။
 ပြီးရင် မိမိဖျက်နေတဲ့ ဖေ့ဘွတ်အကောက်နှင့် Login ပြန်ဝင်ပါ။Your account......နှင့်စသော စာတွေသာ တွေ့ ရပါလိမ့်မည်။ တကယ်ဖျက်မှာလား ဒါမှမဟုတ် မဖျက်ဖူးလားမေးထားတာပါ။ တကယ်ဖျက်မယ်ဆိုရင် Confirm Deletion ၊မဖျက်တော့ဖူးဆိုရင် Cancel Deletion ။
 တစ်ကယ်ဖျက်မှာဆိုတော့ Confirm Deletion ကိုနှိပ်ပြီး ဆက်သွားလိုက်ပါ။ပြီးရင် ပေါ်လာတဲ့ စာသားတွေထဲက Logout ကိုသာနှိပ်ပြီး ပိတ်လိုက်ပါ။
တစ်ကယ် Delete လုပ်ထားလား မလုပ်ထားလားဆိုတာ ဖေ့ဘွတ်မှာ မိမိဖျက်တဲ့ အကောက်ရဲ့ မေးလ်နှင့် password ကိုရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ဝင်လို့ မရတော့တာကို တွေ့ ရမှာပါ။

အဆင်ပြေပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio