Thursday 17 January 2013

Gmail အကောက်ဖျက်နည်း

 သူငယ်ချင်းများ အားလုံးမင်္ဂလာပါ။

ဂျီမေးလ်အကောက်ဖျက်နည်းလေးပါ။သိပြီးတဲ့သူငယ်ချင်းတွေ  တော်တော်များမှာပါ။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီး တင်လိုက်တာပါ။

မိမိဂျီမေးလ်ကိုအရင် ဝင်လိုက်ပါ။ ပြီးရင် ညာဖက် အပေါ်နားရှိ ဆူးသွားပုံလေးကို ကလစ် ပြီးရင် ပေါ်လာတဲ့ အထဲက Setting ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။



ပြီးရင် ပေါ်လာတဲ့ Setting တွေ ထဲက Accounts and Import ကိုကလစ် ပါ။ ပြီးရင် Chang account settings ဘေးရှိ စာကြောင်းသုံးကြောင်းအနက် အောက်ဆုံးစာကြောင်း ဖြစ်တဲ့ Other Google Account Settings ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
ပြီး၇င် နောက်ထပ် Tab တစ်ခု မှာ Account Setting တွေ ကျလာပါလိမ့်မည်။ ဘယ်ဖက်အခြမ်း အောက်ဆုံးရှိ Products ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ Tab ထဲမှ Your products ဘေးရှိ Edit ကို နှိပ်ပြီးဆက်သွားလိုက်ပါ။
ပြီးရင် Delete a Product ဟူသော Tab တစ်ခု ထပ်ကျလာပါလိမ့်မည်။အောက်ဆုံးရှိ Delete Account ဟူသော စာကြောင်းအောင်ရှိ Close account...with it ဟူသော Link အပြာရောင်စာသားလေးကို ကလစ်ပြီး ဆက်သွားလိုက်ပါ။
ပြီးရင် Delete Google Account ဟူသော  Tab တစ်ခု ထပ်ကျလာပါလိမ့်မည်။ ကျလာတဲ့ အထဲက Web History,Gmail,Google Talk,Yes,i want to delete my account နှင့် Yes,i acknowledge....transactions. အစရှိသည့် စာသားများရဲ့ ရှေ့ရှိ လေးထောင့်ကွက် နေရာများနှင့် Mouse နှင့် ကလစ်ပြီး အမှန်ခြစ်လေးတွေ ခြစ်ပေးလိုက်ပါ။ Current password အောက်ရှိ နေရာတွင် မိမိဖျက်နေသော ဂျီမေးလ်ရဲ့ ပက်စ်ဝက်ကို ရိုက်ထည့်ပေးပါ။ပြီးရင် Delete Google Account ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။
ဒါဆိုရင်တော့ မိမိဂျီမေးလ်အကောက်ကို အောင်မြင်စွာ ဖျက်ပြီးပါပြီ။

အဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio