Friday 6 April 2012

လျှပ်စစ်မီးမလိုသော ရေခဲသေတ္တာ

သူကတော့ Mohammed Bah Abba ဆိုတဲ့ပုဂ္ဂိုလ်ပါ။လျှပ်စစ်ဓါတ်အားမလိုတဲ့ ရေခဲသေတ္တာလေးကို တီထွင်ခဲ့တဲ့သူပါ။ ထိုတီထွင်မှုအတွက်သူ့ကို Rolex Award $100,000 ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ထိုရေခဲသေတ္တာ ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးအသေးလေးကို ထည့်ရပါတယ်တဲ့။

ပြီးရင်ဟာနေတဲ့နေရာကို စိုနေတဲ့သဲတွေ ဖြည့်ရပါတယ်တဲ့။
ပြီးရင်စိုနေတဲ့ အဝတ်စနဲ့ အုပ်ထားရပါတယ်တဲ့။သဲ၊အဝတ်စမှ ရေများအငွေ့ပြန်လာခြင်းဖြင့်အိုးထဲမှ အပူများကိုဖယ်ရှားပေးလိုက်နိုင်ပါတယ်တဲ့။အစားအသောက်တေ၊အအေး တွေထည့်ပြီးတော့ပေါ့။
ဒါဟာ သဘာဝအတွင်း အလုပ်လုပ်နေတာဖြစ်ပြီး၊ဈေးလဲပေါပါတယ်၊အလွယ်တကူလဲ ပြုလုပ်နိုင်တဲ့ တီထွင်မှုတစ်ခုပါ။ထိုအိုးထဲမှာ အစားအသောက်တွေ၊အအေးတွေသိုလှောင်ထားနိုင်ပြီး အပူချိန် ၁၅ ကနေ ၂၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ဖြင့် အအေးခံထားနိုင်ပါတယ်တဲ့ ခင်ဗျာ..........

ပျော်ရွှင်ကြပါစေနော်။ခေါင်းလောင်းသံဂျာနယ်မှာတွေ့လို့ ပြန်ရှယ်လိုက်တာ ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio