Friday 6 April 2012

မိန်းမများ နှုတ်ခမ်းမွှေး မပေါက်ရခြင်း အကြောင်းရင်း? ?(ဟာသလေးပါ):P :P

ကမ္ဘာဦးအစတုန်းက မိန်းကလေးတွေက ယောင်္ကျားတွေလိုပဲ နှုတ်ခမ်းမွှေးတွေမုတ်ဆိတ်မွှေးတွေ ရှိကြပါသတဲ့ ။

အဲဒီတော့ အလှကြိုက်တဲ့ မိန်းကလေးတွေခမျာ နှုတ်ခမ်းမွှေးတကားကားနဲ့စိတ်ညစ်ကြရတာပေါ့ ။
မိန်းကလေးတွေက တိုင်ပင်ကြတယ် ။
ငါတို့ဘာလုပ်ကြရင်ကောင်းမလဲပေါ့လေ ။

တစ်ယောက်ကအကြံပေးတယ် ။ ငါတို့ သိကြားမင်းကြီးဆီ သွားပြီး
အကူအညီတောင်းရအောင်ဆိုပြီးတော့ပေါ့ ။

သူ့အကြံက အကောင်းဆုံးဖြစ်နေတော့ အားလုံးသဘောတူလိုက်ကြတယ် ။

ဒါနဲ့မိန်းကလေးတွေအားလုံးစုပြီးသိကြားမင်းကို အပူနဲ့သွားကပ်.. အဲ..အဲ.. အပူသွားကပ်ကြတယ် ။
သိကြားမင်းကြီးရယ်….သမီးတို့မှာ နှုတ်ခမ်းမွှေးတွေ ပေါက်နေလို့ လှသင့်သလောက်မလှတော့ဘူး ။
အဲဒီ နှုတ်ခမ်းမွှေးတွေကို ဖျောက်ပေးလို့ရရင်ဖျောက်ပေးပါ သိကြားမင်းကြီးရယ် ….လို့ပေါ့ ။

သိကြားမင်းကြီးကလည်း သိပ်သဘောကောင်းတဲ့သူဆိုတော့ မိန်းကလေးတွေရဲ့အဖြစ်ကို
သနားသွားပြီးတော့ အကူအညီပေးဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ဘေးနားမှာထောင်ထားတဲ့ ၀ရဇိန်မိုးကြိုးသွားကြီးကိုယူပြီး `ဂျိုင်း´ကနဲမြည်အောင်ပစ်ထည့်လိုက်ပါလေရော ။

အဲဒီမှာတင်မိန်းမတွေရဲ့ မျက်နှာပေါ်က
နှုတ်ခမ်းမွှေးတွေမုတ်ဆိတ်မွှေးတွေအကုန်လုံးသူတို့ရဲ့`ဂျိုင်း´ အောက်ကိုရောက်သွားကြရောတဲ့။ ။

ပထမတော့အဆင်ပြေနေသေးတာပေါ့ ။သိပ်မကြာပါဘူး ။
ဘာကိုပဲရရ အလိုမကျတတ်တဲ့မိန်းမတွေရဲ့သဘာဝအတိုင်း `ဂျိုင်း´အောက်က အမွှေးတွေကို
ရှုပ်တယ်လို့ထင်လာကြပြန်ရော ။
ထုံးစံအတိုင်း သိကြားမင်းကြီးဆီပြေးကြတာပေါ့ ။

သိကြားမင်းကြီးဆီရောက်တော့ `သိကြားမင်းကြီးရယ်… သမီးတို့မှာ ဂျိုင်းမွှေးတွေနဲ့အရမ်းရှုပ်ပါတယ် ။
အဲဒီတော့ ထပ်ပြီးကူညီပါဦး´ ပေါ့လေ ။
သိကြားမင်းကြီးကလည်းကူညီရှာပါတယ် ။
ဒါပေမယ့်......ဖြစ်ချင်တော့ သိကြားမင်းကြီးက သုဇိတာမိဘုရားနဲ့ ရန်ဖြစ်ပြီးစစိတ်ရှုပ်နေတဲ့အချိန်ဆိုတော့ သူယူလိုက်တဲ့ မိုးကြိုးသွားက အ. အ ကြီးဖြစ်နေပါလေရော ။
အဲဒီတော့ မိုးကြိုးသွားရဲ့ အသံက ပထမတုန်းကလို မမြည်တော့ဘဲ`ဖုတ်´ကနဲပဲမြည်ပီးတော့ မိန်းကလေးတွေရဲ့ ဂျိုင်းမွှေးတွေလည်း
ဘယ်ပျောက်သွားမှန်းမသိတော့ပါဘူး တဲ့။

ပုံပြင်လေးကတော့ဒါပါပဲကွယ်.....:P :P
သူငယ်ချင်းတို့လဲ ကောင်မလေးတွေရဲ့ ဂျိုင်းမွှေး တွေ ဘယ်ကို ရောက်သွားလဲ ဆိုတာ သိရင် ကွန်မက် ရေးပြီး ပြောပြခဲ့ဦးနော် :P :P
ကျွန်တော်လည်း စဉ်းစားကြည့်တယ်..ဘယ်ရောက်သွားလဲ လို့..စဉ်းစားလို့ မရလို့ :P :P
[ဟာသ သက်သက်သာ တွေးပြီး ရယ်မော ကြ ပါနော်...မှားတာ ပါရင်လည်း ခွှင့်လွှတ်ကြ ပါ။]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Like ခြင်းဖြင့် အားပေးပါ :)

mumcradio