Friday, 6 April 2012
ဟာသလေးတွေပါ (၄) :P
*ရယ်ရတဲ့ လူနာ*
ဆေးခန်းလာပြသောလူနာကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က သောက်စရာ ဆေးများပေးနေသည်။
ဆရာဝန်။ ။မင်းအခုပေးတဲ့ဆေးကို တစ်နေ့သုံးကြိမ် သောက်ရမယ် နော်...
လူနာ။ ။ကျွန်တော်တစ်နေ့သုံးဇွန်းမသောက်နိုင်ပါဘူးဆရာ...
ဆရာဝန်။ ။ဘာကြောင့်လဲဗျ....
လူနာ။ ။ကျွန်တော့်အိမ်မှာဇွန်းက နှစ်ဇွန်းပဲ ရှိလို့ပါ ဆရာ..တဲ့ ။ ။
:):):):):):):):):):):):):):):):):):):):):):):)
*ဘာထူးလို့လဲ ဟင်*
အရက်ဆိုင်ထဲတွင် အသဲကွဲနေသော လူတစ်ယောက်သည် မိန်းမတွေက တစ္ဆေ ဟု အော်ဟစ်နေသည်။
လူတစ်ယောက်က အမြင်ကပ်ကပ်နှင့် ဒါဆို မင်းကောင်မလေးကရော ဟု မေးလိုက်သည်။
ကျွန်တော့်ကောင်မလေးက သူတို့ အားလုံးရဲ့ ဘုရင်မ တဲ့....။
:):):):):):):):):):):):):):):):):):):):):):):)
*သူတို့ရဲ့ မင်္ဂလာဦးည*
အသက် ၁၅ နှစ်အရွယ် မိန်းကလေးနှင့် ၇၅ နှစ်အရွယ် အဘိုးကြီးတစ်ဦးတို့ လက်ထပ်ကြလေသည်။
လက်ထပ်ပြီးတဲ့ မင်္ဂလာဦး ညမှာပဲ နှစ်ယောက်စလုံး ကုတင်ပေါ် မှာ ငုတ်တုပ်တွေထိုင်ပြီး ငိုနေကြ သည်။
ဘာကြောင့်လဲ ဆိုတော့ ကောင်မလေးက အသက်ငယ်တော့ မင်္ဂလာဆောင်ပြီး ဘာလုပ်ရမယ်ဆိုတာ မသိလို့တဲ့......အဘိုးကြီးက တော့ အသက်ကြီးလာတော့ ဘာလုပ်ရမယ်ဆို တာ မေ့သွားလို့ ငိုနေကြတာပါတဲ့.......။ ။
:):):):):):):):):):):):):):):):):)
*သဘောကောင်းတဲ့ ယောက်ျားလေးများ*
ယောက်ျားလေးများသည် မိန်းကလေးများထက် ပို၍ ကြင်နာတတ်ာကသည်။
အဘယ့်ကြောင့်ဆိုသော် မိန်းကလေးများသည် သူတို့မသိသော သူစိမ်းယောက်ျားလေးများ ဒုက္ခရောက်နေတာကိုတွေ့လျှင် ကူညီ သည့်ရာခိုင်နှုန်း အလွန် နည်းကြသည်။
သို့သော် ယောက်ျားလေး အများစုသည် သူတို့မသိသည့် မိန်းကလေးများ ဒုက္ခ ရောက်ရောက်မရောက်ရောက်
အမြဲတမ်း ကူညီပေးတတ်ကြသည်။ထို့ကြောင့် ယောက်ျားလေးများသည် မိန်းကလေးများထက် ပို၍ ကြင်နာဖေးမကူညီ တတ်ကြသည်။ :) :)
:):):):):):):):):):):):):):):):)
*ဒေဝဒတ် အကြံ *
နည်းလမ်း(၁)-အကြံဥာဏ်တစ်ခုသည် သင့်ဘဝကို ပြောင်းလဲ စေနိုင်သည်။
ချစ်သူရည်စားတစ်ယောက်ကလည်း သင့်ရဲ့စိတ်ကူးအကြံဥာဏ်တွေကို ပြောင်းလဲ စေနိုင်သည်။
ထို့ကြောင့်စိတ်ကူးအကြံဥာဏ်အသစ်များ ရရှိရန် သင့်ရဲ့ ချစ်သူရည်းစားကို မကြာခဏပြောင်းလဲ ပေးသင့်သည်။
နည်းလမ်း(၂)-သင်မိန်းမတစ်ယောက်သာယူထားလျှင်ထိုမိန်းမက သင့်ကို တိုက်ခိုက်လိမ့်မည်။
သင်မိန်းမ နှစ်ယောက်ယူထားလျှင် ထို မိန်းမ နှစ်ယောက်က သင့်အတွက် တိုက်ခိုက်ကြလိမ့်မည်။
:):):):):):):):):):):):):):):):):):):):):):):):):):):):):)
*အကြံကြီးသူ*
ကင်ဆာေ၇ာဂါဖြင့်သေရတော့မဲ့လူတစ်ယောက်က သူ့ကို သတင်းလာမေးတဲ့သူတိုင်းကို ဘာရောဂါလဲဟုမေးလျှင် AIDS ဟုပဲ ဖြေလေ၏။သတင်းမေးတဲ့လူတွေပြန်သွားသောအခါ အနားတွင်ရှိသော သားက ဖခင်ဖြစ်သူကို နားမလည် သည့်ပုံဖြင့် "အဖေ့ရောဂါ က ကင်ဆာကို ဘာလို့ AIDS လို့ ဖြေရတာလဲ "
ထို အခါ ဖခင်ဖြစ်သူက ပြန်ဖြေလိုက်တာက "'ဒီလိုဖြေမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ တဲ့"
:):):):):):):):):):):):):):):):):):):):):
လမ်းသစ်ဂျာနယ်နှင့်ခေါင်းလောင်းသံဂျာနယ်မှ ကူးယူဝေမျှသည်။
အမျိုးအစား/ကဏ္ဍ
ဟာသ
No comments:
Post a Comment